Home / 2019 / July / 11

Daily Archives: July 11, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇူလိုင် ၁၁ (အုတ်တွင်း) ================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ(၁၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အုတ်တွင်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊ သံတိုင်ခင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွတ်လပ်ရေးရပြီးအချိန်ကတည်းက နိုင်ငံရေးနည်းစနစ် အမျိုးမျိုးဖြင့် ပြောင်းလဲကျင့်သုံးခဲ့သော်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ နိမ့်ကျခဲ့ကြောင်း၊ အဓိကအားဖြင့် ယခင်ခေတ်ကာလတွေမှာ အာဏာ၊ အကြောက်တရားများကို အသုံးပြုခဲ့တဲ့အတွက် ပြည်သူအတွင်း မလုပ်ရဲ မကိုင်ရဲဖြစ်ပြီး လူတွေရဲ့ စိတ်တွေပါ ပျက်စီးလာခဲ့ကြောင်း၊ ဒါကြောင့် အုပ်ချုပ်သူ လူတန်းစားနှင့် အုပ်ချုပ်ခံ ပြည်သူတွေ ကင်းကွာလာပြီး တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့ရကြောင်း၊ ပြည်သူတွေနှင့် အာဏာရှိသူ အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည်တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ဒီလိုပူးပေါင်းဆောင်ရွက်နိုင်ရန် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှသာ ပူးပေါင်းဆောင်ရွက်နိုင် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇူလိုင် ၁၁ (အုတ်တွင်း) ================== ဇူလိုင်လ(၁၁)ရက်နေ့လနံနက်(၁၀)နာရီအချိန်က အုတ်တွင်းမြို့နယ် ဇီးဖြူ သောင်အုပ်စုရှိ ဂုန်လျှော်နှင့် လျှော်မြေများမျိုးသန့်ခြံတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တွေ့ဆုံပွဲများတွင် ယခင်ခေတ်တွေကလို အစိုးရမှ ပြည်သူကို တိုက်ရိုက်မှာကြားခြင်းများ ဆောင်ရွက်မည်မဟုတ်ဘဲ မိမိတို့အစိုးရမှ ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့် ပြဿနာရပ်များကို ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ သုံးပွင့်ဆိုင် လာရောက်ညှိနှိုင်းပြီး ပြဿနာ၏ အဖြေကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာပေးသည့် တွေ့ဆုံပွဲမျိုးဖြစ်ကြောင်း၊ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည့်အတိုင်း ပြည်သူ့အရေးသည် မိမိတို့အစိုးရမှ တိုက်ရိုက်ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ ပြည်သူများနေဖြင့်လည်း မိမိတို့၏အတ္တကို ရှေ့တန်းမတင်ပဲ အများအကျိုး ဒေသအကျိုးအတွက် ဦးစားပေးစဉ်းစားကာ တင်ပြပေးစေလိုကြောင်း၊ အများအကျိုး ရှေ့ရှုဆောင်ရွက်ခြင်းသည် မိမိတို့၏ အကျိုးအတွက်လည်း ရရှိခံစားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက …

Read More »

အုတ်တွင်းမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၁၁ (ပဲခူး) ============ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား ကြိုဆိုသောအားဖြင့် ဇူလိုင်လ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ အုတ်တွင်းမြို့ စည်ပင်သာယာပန်းခြံအတွင်း၌ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဘင်ခရာတီးဝိုင်းအဖွဲ့မှ နိုင်ငံတော်သီချင်းတီးမှုတ်၍ ဝန်ကြီးချုပ်အမှုးပြုသော အခမ်းအနားတက်ရောက်လာသူများက နိုင်ငံတော်အလံကိုအလေးပြုပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုအား ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးနှင့် မတည်အလှူရှင် အုတ်တွင်း(ကြယ်နီ)မိသားစုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ယနေ့သည် အုတ်တွင်းမြို့နယ်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ဖြစ်သော ဗိုလ်ချုပ်မြင်းစီးရုပ်တုအား ရေရှည်တည်တံ့ခိုင်မြဲစွာတည်ရှိနိုင်ရေး၊ နောင်လာနောင်သားတို့အတွက် စံနမူနာထားအပ်သည့် အထိမ်းအမှတ် ဗိုလ်ချုပ်မြင်းစီးရုပ်တုအား အုတ်တွင်းမြို့နယ် …

Read More »