Home / 2019 / July / 12

Daily Archives: July 12, 2019

ကဏ္ဍစုံပါဝင်ပတ်သက်သူများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၂ (ပဲခူး) ============== ဇူလိုင်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ) ဦးထွန်းခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့်ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် တထပ်တည်းဖြစ်ရမည်ဟူသော စံ(၅)ရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အချိန်ဇယားချမှတ်ပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခု၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြင်ဆင်သည့်နှစ်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်မဆုံးရူံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန်တိကျသော မဲစာရင်းရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်လျှက်ရှိကြောင်း၊ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့ လာရောက်ချိန်တွင် အချက်အလက်များ မှန်ကန်ရေးအတွက် မဲဆန္ဒရှင်ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု အမှန်တကယ်လိုအပ်ကြောင်း၊ ပြည်သူများအနေနဲ့ မဲပေးခြင်းဖြင့် ဒီမိုကရေစီအခွင့်အရေးအား ရယူကြပြီး ဒီမိုကရေစီစနစ် ရှင်သန်အောင်ဖော်ဆောင်ကြစေလိုကြောင်း …

Read More »