Home / 2019 / July / 17

Daily Archives: July 17, 2019

လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲ မထားဘဲ အများအကျိုးပြုနိုင်သူကိုသာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဇူလိုင် ၁၇(ဝေါ) ================== ဇူလိုင်လ (၁၇)ရက်နေ့၊ မွန်းလွဲ (၃)နာရီအချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာ၊ အမြိုက်ရတနာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူလူထုများ အချင်းချင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံကြည်ခြင်း၊ အားပြိုင်ခြင်းတို့ကြောင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်းကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍လည်း ဥပဒေနှင့်အညီဖြစ်ရန်နှင့် ပြည်သူအများစုလက်ခံပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများမထားဘဲ အများအကျိုး ဆောင်ရွက်နိုင်သူကိုသာ ရွေးချယ်ရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးတစ်ဦးသည် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် ပညာရေးကဏ္ဍမှ ဆရာ/ဆရာမများသည်လည်း အရေးပါသော အခန်းကဏ္ဍမှာပါဝင်နေကြောင်း၊ …

Read More »