Home / 2019 / July / 21

Daily Archives: July 21, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း လက်ပံတန်းမြို့နယ်၊ ပေါက်တောစုကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇူလိုင် ၂၁ (လက်ပံတန်း) ======================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပေါက်တောစုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဇူလိုင်လ(၂၁)ရက်နေ့ ညနေ(၃:၃၀)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါအစည်းအဝေးတွင် ပြည်သူများ၏ တင်ပြတောင်းဆိုသော ပေါက်တောစုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လိုအပ်နေသောစာသင်ခုံ(၁၅)စုံအတွက် ဝန်ကြီးချုပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံ အလှူငွေ(၇၅၀၀၀၀)ကျပ်အား ပေးအပ်ခဲ့သည့်အပြင် ကျောင်သား/သူများဘောလုံးကစားပြုလုပ်ရန် ဘောလုံးများကို လည်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေ(၅:၃၅)နာရီအချိန်က လက်ပံတန်းမြို့နယ် တော်လဿ ရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်(၄၅)သိန်းဖြင့် ကျောင်းဆောင်များ၌ သွပ်အမိုးမိုးထားမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းကျေးရွာ မဇ္ဈိမာရုမ်ကျာင်းဆရာတော် အန္တိမအဂ္ဂီဈာပနအတွက် ဆရာတော်ကြီးများထံမှသြဝါဒခံယူပွဲကျင်းပပြု

FI

ဇူလိုင် ၂၁ (လက်ပံတန်း) ============= ဇူလိုင်(၂၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မဇ္ဈိမာရုမ်ကျာင်းတိုက်၊ ဘုရားသုံးဆူဂန္ဓကုဋီတိုက်ကျောင်းဓမ္မာရုံ၌ ဘဝနတ်ထံပျံလွန်တော်မူသွားသည့် နိုင်ငံတော်သြဝါဒါစရိယ ဓမ္မဝိနယာနုလောမမုလဒွါရဂိုဏ်း၏ သာသနာပိုင်သက်တော်(၁၀၁)နှစ်၊ သိက္ခာတော်(၇၃)ဝါ၏ အန္တိမအဂ္ဂီဈာပနပွဲ ကျင်းပပြုလုပ်ရန်အတွက် ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃာနာယကအဖွဲ့ ဒုတိယဥက္ကဌ မကွေးတိုင်းဒေသကြီးကမ္မဆရာတော်နှင့် နိုင်ငံတော်သြဝါဒစရိယဆရာတော်များ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဘားအံ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ မူလဒွါရဂိုဏ်းသံဃနာယက ဥက္ကဌ ဆရာတော်များ၊ တပည့်ဆရာတော်သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးအောင်၊ ပဲခူးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးညွန့်အောင်နှင့်တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ တပည့်ဒါယကာဒါယိကာမများ တက်ရောက်ကြပြီး ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သဘာပတိနိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ၊ မကွေးတိုင်းဒေသကြီး ကမ္မဆရာတော်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်

FI

ဇူလိုင် ၂၁ (သာယာဝတီ) ================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်က သာယာဝတီမြို့ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှမြင့်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များနှင့်အတူ တောင်သူလယ်သမားသင်တန်းကျောင်းရှေ့ရှိ ငါးကန်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးခုံးမ၊ တီလားဗီးယား စသည့်ငါးမျိုး(၂၀၀၀၀)ကောင်အား စိုက်ထည့်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

သာယာဝတီမြို့နယ်တွင် တောင်သူလယ်သမားသင်တန်းကျောင်းဖွင့်ပွဲနှင့် ၂၀၁၈-၂၀၁၉ခုနှစ် အကျိုးဆောင်တောင်သူ ဖွံဖြိုးတိုးတက်ရေးသင်တန်း (၄/၂၀၁၉)ဖွင့်ပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၁ (သာယာဝတီ) ============= သာယာဝတီမြို့နယ် အင်းရွာတွင် ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်က တောင်သူလယ်သမားသင်တန်းကျောင်းဖွင့်ပွဲနှင့် ၂၀၁၈-၂၀၁၉ ခုနှစ် အကျိုးဆောင်တောင်သူ ဖွံဖြိုးတိုးတက်ရေးသင်တန်း (၄/၂၀၁၉)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်သူလယ်သမားသင်တန်းကျောင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်နှင့် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သင်တန်းကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့တောင်သူလယ်သမား သင်တန်းကျောင်းတွင်ဖွင့်လှစ်သည့် သင်တန်း၌ တက်ရောက်နေကြသည့် သင်တန်းသား/သူများအနေဖြင့် တောင်သူလယ်သမားထုအတွင်း မိမိတို့သိရှိလာသည့် ဗဟုသုတများကို ပြန်လည်ဖြန့်ဝေပေးကြဖို့နဲ့ လယ်ယာဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့စွမ်းအားရှိသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး …

Read More »