Home / 2019 / August

Monthly Archives: August 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဘုရားကြီးမြို့အပိုင်ကျေးရွာအုပ်စုများမှ ကျေးရွာနေပြည်သူများနှင့်တွ့ဆုံ

FI

သြဂုတ် ၃၁ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၃၁)ရက်နေ့ မွန်းလွဲ(၂:၄၅)နာရီအချိန်က သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့နယ် ဘုရားကြီးမြို့ ဝမ်းဘဲအင်းကျေးရွာ ကံမြင့်ခေမာသီဝံဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဘုရားကြီးမြို့အပိုင် ကျေးရွာအုပ်စုများမှ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝမ်းဘဲအင်းကျေးရွာ ကံမြင့်ခေမာသီဝံဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမျှော်ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက်  ဝမ်းဘဲအင်းကျေးရွာ ကံမြင့်ခေမာသီဝံဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဘုရားကြီးမြို့အပိုင် ကျေးရွာအုပ်စုများမှ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် နိုင်ငံရေးစနစ်အခြေအနေအရ လူတန်းစားအလွှာအသီးသီးမှ ပြုပြင်ပြောင်းလဲမှုများ လိုချင်ခဲ့ရသော်လည်း အောင်မြင်မှုမရရှိနိုင်ခဲ့ဘဲ မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ဒီအခြေအနေမှာ နိုင်ငံတော်အနေနဲ့ တိုင်းပြည်ကို လုံခြုံရေး၊ တည်ငြိမ်ရေးကိုသာ ရှေရှုဆောင်ရွက်ခဲ့ရပြီး ကျန်သည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့ဘက်မှာ နိုင်ငံတကာနှင့်ယှဉ်လျှင် နှစ်ပေါင်းများစွာ …

Read More »

ဒေးစွန်ပါတောင် ပြိုကျမှုအစိတ်အပိုင်း ပြန်လည်ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

FI

သြဂုတ် ၃၁ (ပဲခူး) ================ သြဂုတ်လ(၃၁)ရက်နေ့ မွန်းလွှဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီး ဒေးစွန်ပါစေတီတော်မြတ်ကြီးတည်ရှိရာ ဒေးစွန်ပါတောင် ပြိုကျမှုအစိတ်အပိုင်း ပြန်လည်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား သမိုင်းဝင်ဆုတောင်းပြည့် ဒေးစွန်ပါစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဌ ဦးသန်းနိုင်က တောင်ပြိုကျမှုအခြေအနေ၊ ပြန်လည်ဆောင်ရွက်နေမှုအခြေအနေ၊ ပိုင်များရိုက်သွင်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြသတင်ပြရာ ဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျခိုင်ခန့်မှုရှိအောင် ကျွမ်းကျင်ပညာရှင်များနှင့် သေချာစွာတွက်ချက်ပြီး စမ်းသပ်ဆောင်ရွက်ကြရန်၊ ဒေးစွန်ပါစေတီတည်ရှိရာ တောင်တန်းသည် စိမ်းလန်းစိုပြည်စွာ တည်ရှိနေခြင်းကြောင့် ဘုရားဖူးလာပြည်သူများများ လာရောက်ဖူးမျှော်ခြင်းအပြင် အပန်းဖြေစရာနေရာတစ်ခုအဖြစ် ဆောင်ရွက်နိုင်အောင် စေတီတော်ကြီး၏ ဂေါပကအဖွဲ့တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ကျဖို့လိုကြောင်း လမ်းညွှန်မှာကြားပြီး တောင်ပြိုကျမှုနေရာတွင် ပိုင်တိုင်များရိုက်သွင်းစိုက်ထူခြင်း ပြန်လည်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ဒေးစွန်ပါတောင်ပေါ်သို့တက်ရောက်ပြီး သမိုင်းဝင်ဆုတောင်းပြည့် ဒေးစွန်ပါစေတီတော်မြတ်ကြီးအား ဖူးမျှော်ကန်တော့ပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဝေါမြို့နယ်တနော်ကျွန်းကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

သြဂုတ် ၃၁ (ဝေါ) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ အုန်းတောကျောင်းတိုက် ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ ပြဿနာများ ပေါင်းစပ်ညှိနှုင်း ဖြေရှင်းပေးရန်အတွက် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာဝန်ကြီးချုပ်နှင့်အဖွဲ့သည် တနော်ကျွန်းကျေးရွာ အုန်းတောကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ပြီး သာသနာရေးဆိုင်ရာများလျှောက်ထားကာ လှူ ဖွယ်ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အုန်းတော်ကျောင်းတိုက်ဓမ္မာရုံတွင် တနော်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့နေရာတိုင်းတွင် အဖွဲ့အစည်းအမျိုးမျိုး ဖွဲ့စည်းထားကြသော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကြောင့် ပြိုင်ဆိုင်မှုများဖြစ်ပေါ်လာပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည့်မှုလျော့နည်းကာ ပြဿနာများဖြစ်ပွားနေသည်ကို ကြားသိနေရကြောင်း၊ အဓိကအားဖြင့် ကျေးရွာများတွင် မီးလင်းရေးပြဿနာများ၊ မြေယာပြဿနာများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသခံပြည်သူများ၏ အခက်အခဲပြဿနာများဖြေရှင်းပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် …

Read More »

ဝေါမြို့နယ် မြို့နယ်ဝင်ကြေး ဘီးကောက်လိုင်စင် စျေးပြိုင်တင်ဒါခေါ်ယူခြင်း

Presentation1

သြဂုတ် ၃၀ (ဝေါ) ====================== ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၁၉) မှ (၃၀-၉-၂၀၂၀)ကာလအပိုင်းအခြားအတွက် မြို့နယ်ဝင်ကြေး ဘီးကောက်လိုင်စင်အား စျေးပြိုင်စနစ်ဖြင့် (ပထမ)အကြိမ် လေလံတင်ရောင်းချမည်ဖြစ်ပါကြောင်း (အပြည့်အစုံကြည့်ရှုရန်)

Read More »

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်(ပဲခူးဘဏ်ခွဲ)ဖွင့်လှစ်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

သြဂုတ် ၃၀ (ပဲခူး) ==================== သြဂုတ်လ(၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ အမှတ်(၆/၁)တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်(ပဲခူးဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်(ပဲခူးဘဏ်ခွဲ)အား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ဒုဥက္ကဋ္ဌ ဦးသာဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် JICAမှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Kasayuki Kasasawa တို့က ပဲခူးဘဏ်ခွဲဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် မော်ကွန်းကမ္ဗည်းကြေးပြားအား ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် အကြီးအကဲများက အမွှေးနံ့သာရည်များပက်ဖျန်းကာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင်ပြုလုပ်သည့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ တက်ရောက်

FI

သြဂုတ် ၂၉ (ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး သြဂုတ်လ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ချည်ဖြူ ဖွဲ့မင်္ဂလာပွဲသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့အား အလေးပြုကြပြီး ကရင်အမျိုးသားသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက တက်ရောက်လာကြသူများနှင့် ကရင်တိုင်းရင်းသားလူမျိူးများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာသုခအဖြာဖြာ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်စကားနှင့် တိုင်းရင်းသား ညီအကိုမောင်နှမများအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ဖို့အတွက် စုစည်းညီညွတ်သည့် စွမ်းပကားဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်၊ မိမိတို့အတွက်သာမက အနာဂတ်မှာပါ ပြည်ထောင်စုကြီးအေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် အမှာစကား ပြောကြားကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ဝမ်းမြောက်စကားပြောကြားပြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့၌ကျင်းပသည့် ဗဟိုနှင့်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်

ff

သြဂုတ် ၂၇ (ပဲခူး) ====================== ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံအဖွဲ့တို့ တွေ့ဆုံပွဲအား သြဂုတ်လ(၂၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဘာသာတရားတိုင်းက မကောင်းမှုမပြုလုပ်ရန်၊ ကောင်းသောအလုပ်နှင့် ကောင်းသော ပြောဆိုနေထိုင်ကျင့်သုံးရန်၊ စိတ်ကို ဖြူစင်အောင်တည်ဆောက်ရန် လမ်းညွှန်ပြသထားသော်လည်း အချို့သူများက မျက်နှာလွှဲ၍ လိုက်နာကျင့်သုံးမှုမရှိ၍ ငြိမ်းချမ်းမှုနှင့် အလှမ်းကွာဝေးလျက်ရှိကြောင်း၊ အချို့သော သင်ကြားရေးများတွင် ဘာသာတရား၏ မူရင်းအစစ်အမှန်ဒေသနာတော်ကို လွဲမှားစွာ အနက်ဖွင့်ဆိုပြီး နောက်လိုက်ဘာသာဝင်များကို လွှဲမှားစွာလမ်းညွှန်မှုပြုနေကြသည်လည်းရှိကြောင်း၊ ဒါကြောင့် တာဝန်ရှိသူအားလုံး စစ်မှန်သော ဒေသနာတော်ပေါ်ထွန်းရေးနှင့် ကိုယ်ကျင့်သိက္ခာမြင့်မားသည့် ဘာသာရေးဦးဆောင်သူများ ထွက်ပေါ်လာရေး အလေးဂရုပြုရမည်ဖြစ်ပြီး မတူညီသော ဘာသာဝင်များအကြား ပဋိပက္ခအသွင်ရှောင်ရှားပြီး ငြိမ်းချမ်းရေးနှင့်လုံခြုံမှုအသွင်ကို တည်ဆောက်ကြရမှာဖြစ်ကြောင်း၊ ကိုးကွယ်မှုဘာသာတိုင်းတွင် လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်းစေရေး၊ လူ့ဘောင်လောကကြီး အေးချမ်းသာယာရေးအတွက် အဆုံးအမတရားများ၊ လမ်းညွှန်ချက်များ၊ နည်းပေးလမ်းပြလိုက်နာစေရန် သွန်သင်ချက်များပါရှိနေသည့်အတွက် …

Read More »

သာယာဝတီခရိုင်အဆင့် ကရင်ရိုးရာလက်ချည်ဖြူ ဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၄ (အုတ်ဖို) ============= သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရွာမရပ်ကွက်၊ ဝါဆိုဦး(၂) လမ်းရှိ ဝါဆိုဦးဘုန်းတော်ကြီးကျောင်းတွင် သာယာဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာ လက်ရစ်ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ဝါဆိုဦးကျောင်း တိုက်ကြပ်ဆရာတော် ဦးစန္ဒာသီရိနှင့်သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်ဇင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်နှင့် ဌာနဆိုင်ရာများ၊ သာယာဝတီခရိုင်(၈) မြို့နယ် မှ ကရင်တိုင်းရင်းသား/တိုင်းရင်းသူများ အင်အား (၁၀၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ကရင်တိုင်းရင်းသား/ သူများက ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။ အခမ်းအနားတွင် ဝါဆိုဦးကျောင်း တိုက်ကြပ်ဆရာနော်ဦးစန္ဒာသီရိက သြဝါဒစကားမိန့် ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက လက်ရစ်ချည်ဖြူ ဖွဲ့အကြောင်း ရှင်းလင်းပြောကြားကာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားအရေးကိစ္စများဆိုင်ရာ ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် …

Read More »

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း(ပဲခူး)အသင်း အတည်ပြုဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၄ (ပဲခူး) ============== ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ် ကမ္ဘောဇသာဒီခန်းမတွင် သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူး)အသင်း အတည်ပြုဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် ဥပဒေချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ရုံးမှ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် ဒုတိယဥက္ကဌ ဦးသန့်စိုးက မိတ်ဆက်ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူးအသင်း) ဒုတိယဥက္ကဌ ဦးစိုင်းသိန်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူးအသင်း)အဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း ချုပ်ရုံး၏လှုပ်ရှားဆောင်ရွက်မှုများကို VCD ဖြင့် ပြသသည်။ ယင်းနောက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ရုံးမှ ဒုတိယဥက္ကဌ ဦးမိုးကျော်သူက ကျေးဇူးတင်စကား …

Read More »

Glamoroso Apparel(Myanmar)Co., Ltd မှ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် အလှူငွေကျပ်သိန်း(၃၀) လာရောက်လှူဒါန်း

fi

သြဂုတ် ၂၃ (ပဲခူး) ======================= သြဂုတ်လ (၂၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Glamoroso Apparel(Myanmar)Co., Ltd မှ Mr. Cheung Kwok Wing David, Mr. Lau Siu Kin ဦးဆောင်သော တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် အလှူငွေကျပ်သိန်း(၃၀) လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ Mr. Cheung Kwok Wing David က မိမိတို့ကုမ္ပဏီသည် ဥရောပနိုင်ငံများသို့ တင်ပို့မည့် အဝတ်အထည်လုပ်ငန်းများအတွက် စျေးကွက်တစ်ခု ရရှိထားပြီးဖြစ်၍ ပဲခူးဒေသတွင် မြေဧရိယာ(၂၀)ဧက၌ စက်ရုံတည်ဆောက်၍ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် စတင်ပြီး ဝန်ထမ်းအင်အား (၆၀၀၀)ကျော်အား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိတ်ဆက်စကား ပြောကြားခဲ့သည်။ …

Read More »