Home / 2019 / August / 05

Daily Archives: August 5, 2019

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၅ (ပဲခူး) ===================== သြဂုတ်လ(၅)ရက်နေ့၊ (၁၆:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ခွင့်ပြုချက်တောင်းခံစရာမလိုပဲ ကော်မတီအလိုက် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

သြဂုတ် ၅ (ပဲခူး) ====================== သြဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှစ်စဉ်ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ စိုက်ပျိုးဧကများ ပျက်စီးခြင်း ဖြစ်ပွားလေ့ရှိသည့် မြို့/ကျေးရွာများတွင် ပြန်လည်တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများအပြင် နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများ တင်ပြရာတွင် နေရာနှင့် စာရင်းဇယားအချက်အလက်များ မှန်ကန်မှုရှိရန်နှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင်လည်း မှန်မှန်ကန်ကန် စနစ်တကျဖြစ်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ခွင့်ပြုချက်တောင်းခံစရာမလိုပဲ ကော်မတီအလိုက် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆည်/တမံများ မိုးရေဝင်ရောက်မှုအခြေအနေနှင့် ဆည်/တမံများ ကြံ့ခိုင်မှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ရေပြင်ကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးစခန်းများ ကြိုတင်ရွေးချယ်သတ်မှတ်ထားရန်နှင့် ကယ်ဆယ်ရေးစခန်းတွင် ပြည်သူများ …

Read More »

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၅ (ပဲခူး) ===================== သြဂုတ်လ(၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ  ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »