Home / 2019 / August / 06

Daily Archives: August 6, 2019

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၆ (ပဲခူး) ===================== သြဂုတ်လ(၆)ရက်နေ့၊ (၁၃:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »

အသိပေးကြေငြာခြင်း

1

သြဂုတ် ၆ (ပဲခူး) ====================== မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကူးလူးသွားလာ ဆက်သွယ်ဆောင်ရွက်ရန်ရှိသဖြင့် အခြားနိုင်ငံများနှင့် ရင်ဘောင်တန်း အသုံးပြုနိုင်မည့် နည်းပညာဆိုင်ရာ အဆင့်မြှင့်ထားသော Smart Card ယာဉ်မောင်းလိုင်စင်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ (၁-၇-၂၀၁၉)ရက်နေ့မှစ၍ ပြောင်းလဲထုတ်ပေးလျက်ရှိရာ ပြောင်းလဲထုတ်ပေးသည့် Smart Card တန်ဖိုးအား ထပ်မံပေးသွင်းရန် မလိုအပ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

Read More »

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သော ပြည်သူ့အရေးတော်ပုံ(၃၁)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

သြဂုတ် ၆ (ပဲခူး) ================ ပဲခူးမြို့ ဟံသာဝတီရပ်ကွက်၊ ရန်ကင်းသာပန်းခြံရှိ ဒီမိုကရေစီမော်ကွန်းကျောက်တိုင်တွင် သြဂုတ်လ(၆)ရက်နေ့ နံနက်(၈)နာရီအချိန်က ပြည်သူ့အရေးတော်ပုံ(၃၁)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူအားလုံးက ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအပေါင်းအား ဂုဏ်ပြုသောအားဖြင့် (၈)စက္ကန့် ငြိမ်သက်မတ်တပ်ရပ်ပေးကြသည်။ ထို့နောက် သဘာပတိ ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက အဖွင့်အမှာစကား ပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဒန်နှင့် ပဲခူးမြို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ကျော်တို့က အမှတ်တရစကားများပြောကြားကြပြီး (၆-၈-၁၉၈၈)ရက်နေ့တွင် ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်များက အမှတ်တရစကား ပြောကြားသည်။ ယင်းနောက် ပဲခူးမြို့ခံ ကဗျာဆရာခရမ်းပြာထက်လူနှင့် ကိုမင်းဖုန်းတို့က ကဗျာရွတ်ဆိုကာ အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဌက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း …

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

FI

သြဂုတ် ၆ (ပဲခူး) ===================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုလို ပညာရည်ချွန်ဆုများ ချီးမြှင့်ဂုဏ်ပြုပေးရခြင်းသည် အားကြိုးမာန်တက်ကြိုးစားခြင်းကို အသိအမှတ်ပြုလိုခြင်း၊ အခြေခံပညာအဆင့်တွင် သင်ယူနေကြသည့် ကျောင်းသား/သူများကို အတုယူအားကျလိုစိတ်ဖြစ်လာ အောင်လှုံဆော်ပေးလိုခြင်း စိတ်ရင်းတို့ဖြင့် ကျင်းပပေးတာဖြစ်ကြောင်း၊ ဒါ့အပြင် ထူးချွန်ကျောင်းသား/သူများဖြစ်လာအောင် ဘာသာရပ်များတွင် ဂုဏ်ထူးထွက်အောင် ဝါသနာ၊ စေတနာ၊ အနစ်နာအရင်းခံပြီး သင်ကြားပေးလိုက်သည့် ဆရာ/မတွေ အုပ်ချုပ်ပေးခဲ့သည့် ကျောင်းအုပ်ကြီးတွေနဲ့ လမ်းညွှန်ကြပ်မတ်ပေးခဲ့တဲ့ မြို့နယ်ပညာရေးမှူးတွေကို ဂုဏ်ပြုပေးခြင်း ဖြစ်ကြောင်း၊ ကြိုးစားခြင်းရဲ့ရလာဒ် အသီးအပွင့်များကို ဂုဏ်ယူလိုစိတ်ဖြင့်ခံ စားနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဂုဏ်ပြုအမှာ …

Read More »

လေဖိအားနည်းရပ်ဝန်းအခြေအနေ

67698779_1365496633605411_7049106441675735040_n

သြဂုတ် ၆ (ပဲခူး) ============================================ ၁။ “ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် (၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ “ သတိပေးနှိုးဆော်ချက် ၂။ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် …

Read More »

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၆ (ပဲခူး) ===================== သြဂုတ်လ(၆)ရက်နေ့၊ (၀၉:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »