Home / 2019 / August / 07

Daily Archives: August 7, 2019

စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှမှု အခြေအနေ

2

သြဂုတ် ၇ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် ပဲခူးခရိုင် ရွှေကျင်မြို့နယ်တို့တွင် စစ်တောင်းမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ဖော်ပြပါအတိုင်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခဲ့ပြီး ဖြစ်ပါသည်။

Read More »

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၇ (ပဲခူး) ===================== သြဂုတ်လ(၇)ရက်နေ့၊ (၁၆:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »

ပဲခူးမြစ်ရေ သတိပေးချက်

67961781_1366392703515804_3617757975415881728_n

သြဂုတ် ၇ (ပဲခူး) ======================== ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Read More »

ပဲခူးဒေသ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ လုပ်ကိုင်ရန်အတွက် လာရောက်မိတ်ဆက်ရှင်းလင်း

FI

သြဂုတ် ၇ (ပဲခူး) ================== သြဂုတ်လ (၇)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံးခန်းသို့ တရုတ်နိုင်ငံ၊ တိုင်ပေဒေသမှ စက်မှုလုပ်ငန်းရှင်များသည် ပဲခူးဒေသ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ လုပ်ကိုင်ရန်အတွက် လာရောက်မိတ်ဆက်ရှင်းလင်း တင်ပြခဲ့သည်။ ရှေးဦးစွာ UMFCCI , Vice President ဒေါက်တာမျိုးသက်နှင့် Moeyungyi wetlands Resort, CEO ဦးဥက္ကာမျိုးတို့က တရုတ်နိုင်ငံ၊ တိုင်ပေဒေသမှ စက်မှုလုပ်ငန်းရှင်များနှင့် မိတ်ဆက်ပေးကာ၊ လက်ရှိ တိုင်ပေဒေသတွင် စက်မှုလုပ်ငန်းများဖြစ်သော အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ခြင်း၊ ခရီးဆောင်အိတ်အမျိုးမျိုးထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဥရောပနိုင်ငံများသို့ တင်ပို့ပေးနေသည့် အခြေအနေများနှင့် ပဲခူးမြို့နယ်၊ သာယာကုန်းဒေသတွင် စက်မှုနယ်မြေဖော်ဆောင်၍ စက်မှုလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြိုဆိုပါကြောင်းနှင့် စက်မှုလုပ်ငန်းများကို လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန်နှင့် …

Read More »

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၇ (ပဲခူး) ===================== သြဂုတ်လ(၇)ရက်နေ့၊ (၀၉:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »