Home / 2019 / August / 11

Daily Archives: August 11, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ ဖြူးချောင်းရေလှောင်တမံနှင့် အုတ်တွင်းမြို့နယ် မင်းရဲရေလှောင်တမံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

သြဂုတ် ၁၁ (ဖြူး) ================= သြဂုတ်လ (၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖြူးမြို့နယ်၊ ဖြူးချောင်းရေလှောင်တမံနှင့် အုတ်တွင်းမင်းရဲရေလှောင်တမံများသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဖြူးချောင်းရေလှောင်တမံရှင်းလင်းဆောင်၌ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ လက်ရှိဆည်တမံအတွင်း ရေဝင်ရောက်နေမှုနှင့် တမံ၏ကြံ့ခိုင်မှု အခြေအနေနှင့် ရေပိုလွှဲမှ ရေကျော်နေမှုအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် ဖြူးချောင်းရေလှောင်တမံ စီမံကိန်းတာဝန်ခံတို့က  ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တမံ၏ ခံနိုင်ဝန်ကို သေချာစစ်ဆေးရန်၊ ရေဝင်ရောက်မှုနှင့် ရေလွှတ်ခြင်းကို ထိန်းညှိရန်၊ ရေလွှတ်ရာတွင်လည်း တမံအောက်ခြေရှိ မြို့/ကျေးရွာနှင့် ဆည်တမံများ၏ သတင်းအချက်အလက်များကို ပြည်သူများသိရှိစေရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးနှင့် လိုအပ်သောဆည်/တမံများတွင် CCTV တပ်ဆင်၍ အများပြည်သူသိရှိနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးချောင်းရေလှောင်တမံနှင့် ရေပိုလွှဲရေကျော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဖြူးချောင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်–မန္တလေးအမြန်လမ်းမကြီး …

Read More »

ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဈေးပြိုင်တင်ဒါခေါ်ယူခြင်း

KK FI

သြဂုတ် ၁၁ (ကျောက်ကြီး) ==================== ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————–

Read More »

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် မိုးလေဝသသတင်းထုတ်ပြန်ချက်

68474227_1369709313184143_3316595263757352960_n

သြဂုတ် ၁၁ (ပဲခူး) ==================== ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ခရမ်းမြို့တွင် (၁၀.၅၂)လက်မ၊ သထုံမြို့တွင် (၉.၈၈)လက်မ၊ ပိုင်ကျုံမြို့တွင် (၈.၁၈)လက်မ၊ ဘုရားသုံးဆူမြို့တွင် (၈.၀၃)လက်မ၊ ကျိုက်မရောမြို့တွင် (၇.၃၆)လက်မ၊ ဘီးလင်းမြို့တွင် (၆.၅၃)လက်မ၊ ရေးမြို့တွင် (၆.၃၈)လက်မ၊ ကော့ကရိတ်မြို့တွင် (၆.၀၆)လက်မ၊ ပေါင်မြို့တွင် (၅.၆၇) လက်မ၊ မြိတ်မြို့တွင် (၅.၃၁)လက်မ၊ မုဒုံမြို့တွင် (၅.၁၆)လက်မ၊ ကြာအင်းဆိပ်ကြီးမြို့တွင် (၅.၀၅)လက်မ၊ ဘားအံမြို့တွင် (၄.၈၄)လက်မ၊ ပဲခူးမြို့တွင် (၄.၈၁)လက်မ၊ ချောင်းဆုံမြို့တွင် (၄.၇၆)လက်မ၊ ကျိုက္ခမီမြို့တွင် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရဲနွယ်ရေလွှဲဆည်အား ကြည့်ရှုစစ်ဆေး

FI

သြဂုတ် ၁၁ (ကျောက်တံခါး) =============== သြဂုတ်လ (၁၁)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ရေလွှဲဆည်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ရဲနွယ်ရေလွှဲဆည်စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရေစီးဝင်မှုနှင့် ပြန်လည်ထုတ်လွှတ်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆည်တမံများ၏ ကြံ့ခိုင်မှု၊ ရေဝင်ရောက်မှု အခြေအနေ၊ ဆည်ရေအမှတ်တို့အား ရေကင်းများချ၍ အချိန်ပြည့်စောင့်ကြည့်ရန်၊ ဆည်ပတ်ဝန်းကျင်ဒေသများကိုလည်း မိမိတို့ဆည်တမံနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး ဆောင်ရွက်ကြရန်စသည်တို့အား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ ရဲနွယ်ရေလွှဲဆည်၏ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ ရဲနွယ်ရေလွှဲဆည်သည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအနီး ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက်ထားသော မြေသားတမံအမျိုးအစားဖြစ်ပြီး (၂၀၀၀-၂၀၀၁)ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၂၀၀၆-၂၀၀၇)ခုနှစ်တွင်ပြီးစီး …

Read More »

ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဈေးပြိုင်တင်ဒါခေါ်ယူခြင်း

Pyay FI

သြဂုတ် ၁၁ (ပြည်) ==================== ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်——————-

Read More »

နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဈေးပြိုင်တင်ဒါခေါ်ယူခြင်း

NTL

သြဂုတ် ၁၁ (နတ်တလင်း) ==================== နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်——————-

Read More »