Home / 2019 / August / 12

Daily Archives: August 12, 2019

မြစ်ရေအမှတ် ထုတ်ပြန်ချက်

1

သြဂုတ် ၁၂(ပဲခူး) ========================= (၁၂.၈.၂၀၁၉)ရက်နေ့၊ (၁၈:၃၀)အချိန် တိုင်းထွာချက်များအရ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေအမှတ်၊ ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေအမှတ်နှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်များအား သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေများပေးအပ်

6

သြဂုတ် ၁၂ (ဝေါ) ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၂)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီထိုက်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့ပေါ်တွင်ဖွင့်လှစ်ထားရှိသော ဘူတာရုံကယ်ဆယ်ရေးစခန်းနှင့် ကန်တော်ကြီးကျောင်းဓမ္မာရုံ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ (၆)လအောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးဖိုးထောက်ပံ့ငွေနှင့် ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်စက်ရပ်ကွက် ဘူတာရုံတွင် ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေးစခန်းသို့သွားရောက်ပြီး စားသောက်နေထိုင်မှုအခြေအနေ၊ ကျန်းမာရေးအခြေအနေများကို မေးမြန်းကြည့်ရှုကာ အားပေးစကားပေးကြားပြီး အဆိုပါစခန်းရှိ အိမ်ထောင်စု(၅၅)စု၊ လူဦးရေ(၂၄၁)ဦးဆန်ဖိုးရိက္ခာငွေ(၆၀၂၅၀၀)ကျပ်၊ ကိုယ်ဝန်ဆောင်မိခင်(၅)ဦးနှင့် (၆)လအောက်ကလေး(၁၂)ဦးအတွက် ဆေးဖိုးထောက်ပံ့ငွေ (၃၄၀၀၀၀၀)ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ကန်တော်ရပ်ကွက် ကန်တော်ကြီးကျောင်းဓမ္မာရုံ၌ ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး အဆိုပါစခန်းရှိ အိမ်ထောင်စု(၁၆)စု လူဦးရေ(၉၉)ဦးအတွက် ဆန်ဖိုးရိက္ခာ၊ ကိုယ်ဝန်ဆောင်မိခင်(၂)ဦး၊ (၆)လအောက်ကလေးငယ်(၁)ဦးတို့အတွက် ဆေးဖိုးထောက်ပံ့ငွေ ပေါင်း(၃၀၇၅၀၀)ကျပ်အား …

Read More »

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြား

FI

သြဂုတ် ၁၂ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မွန်းလွဲ(၃:၁၅)အချိန်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိုးလေဝသပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် မုတ်သုံအဝင်နောက်ကျပြီး အထွက်စောမည်ဖြစ်၍ တစ်နှစ်ပတ်လုံး ရွာသွန်မည့် မိုးရေချိန်ပြောင်းလဲမှုမရှိဟုပြောကြားထားကြောင်း၊ ဒါကြောင့် ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းရက် နည်းပြီး မိုးရေချိန်များနိုင်မည်ဖြစ်ကြောင်း၊ ဒီအခြေအနေမှာ မိုးရေချိန်များ၍ တောင်ကျရေများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လမ်း/တံတားများ၊ ဆည်တမံများ အထူးဂရုပြုရန် လိုအပ်မည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးကို သင်ခန်းစာယူပြီး မိမိတို့တိုင်းဒေသကြီးအတွင်း ဖြစ်လေ့ဖြစ်ထရှိသော နေရာဒေသများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်နှင့် အခြားဒေသများတွင်လည်း ပေါ့ဆမှုမရှိစေရန် သတိထားကြစေလိုကြောင်း၊ သဘာဝဘေးဖြစ်ပွားရာ ဒေသများတွင် …

Read More »

မြစ်ရေအမှတ် ထုတ်ပြန်ချက်

1

သြဂုတ် ၁၂ (ပဲခူး) ========================= (၁၂.၈.၂၀၁၉)ရက်နေ့၊ (၁၃:၃၀)အချိန် တိုင်းထွာချက်များအရ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေအမှတ်၊ ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေအမှတ်နှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်များအား သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။

Read More »