Home / 2019 / August / 16

Daily Archives: August 16, 2019

ပဲခူးတိုင်းဒေသကြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး စံပြကျောင်းများ ဆုချီးမြှင့်ခြင်းပြုလုပ်

FI

သြဂုတ် ၁၆ (ပဲခူး) ================= ပဲခူးမြို့၊ မြို့တော်ခန်းမတွင် သြဂုတ်လ(၁၆)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းကျန်းမာရေး စံပြဆုရကျောင်းများ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်း သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်နှင့် တိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုလွင်တို့က ကျောင်းကျန်းမာရေး သီတင်းပတ်ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး ကျောင်းကျန်းမာရေး စံပြဆု(ပထမ၊ ဒုတိယ၊ တတိယ) ရရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကာတွန်း/စာစီစာကုံး/ ကဗျာ/ပိုစတာ ဆုရရှိသူများအား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် …

Read More »