Home / 2019 / August / 17

Daily Archives: August 17, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

သြဂုတ် ၁၇ (အုတ်တွင်း) ======================== သြဂုတ်လ(၁၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ကမ္ဘာပေါ်မှာ တည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည်သာ အသင့်တော်ဆုံးဖြစ်ကြောင်း၊ ပြည်သူများကိုယ်တိုင် ပါဝင်သော ရွေးချယ်သည့်စနစ်ဖြင့်သာ အုပ်ချုပ်ရေးကဏ္ဍကို ရွေးရခြင်းဖြစ်ပြီး အများဆန္ဒသဘောထားနှင့်အညီ နိုင်ငံတစ်ခုကို ထူထောင်သည့်စနစ်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီအသိတရားမျးရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံရေးစနစ်များ မှားယွင်းမှုကြောင့် အဘက်ဘက်မှ နိမ့်ကျခဲ့သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းစဉ်များကို မိမိတို့ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြန်လည်တည့်မတ်နိုင်ရန် ကြိုးစားဆောင်ရွက်နေရကြောင်း၊ ခေတ်စနစ် အကူးအပြောင်းကာလမှာ အခက်အခဲ၊ ရှုပ်ထွေးသည့်ပြဿနာရပ်များလည်း ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့အစိုးရ၏ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ်၊ ငါးခေါင်းအင်းတောင်ရွာနှင့် ငါးခေါင်းအင်းမြောက်ရွာ မီးလင်းရေးပြဿနာအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်

FI

သြဂုတ် ၁၇ (ဖြူး) ==================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ငါးခေါင်းအင်းတောင်ရွာနှင့် ငါးခေါင်းအင်းမြောက်ရွာ မီးလင်းရေးပြဿနာအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တက်ရောက်ပြီး ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံ

FI

သြဂုတ် ၁၇ (ဖြူး) ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ ကျိုက်ထီးရိုးကျောင်းတိုက် သာသနာ့ဝေပုလ္လဗိမာန်တော်ကြီးတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ညောင်ပင်သာကျေးရွာ ကျိုက်ထီးရိုးကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ  အောက်ခြေရှိတွင် ပြည်သူများကြုံတွေ့ခံစားနေရသည့် ပြဿနာများကို ယခင်ခေတ်က ဆင့်ကဲဆင့်ကဲ ဖြေရှင်းခြင်းမဟုတ်ဘဲ တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ပညာအသိနည်းပြီး အတ္တဆန်သော လူအဖွဲ့အစည်းကြောင့်သာ အာဏာရှင်စနစ် ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ပညာရေးစနစ် မြင့်မားနိုင်ရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါမှသာ နောင်အနာဂတ်တွင် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသော အတ္တ၊ပရမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ကောင်းကျိုးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ညောင်ပင်သာရွာမ …

Read More »