Home / 2019 / August / 18

Daily Archives: August 18, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့ မှန်စီကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

သြဂုတ် ၁၈ (ရေတာရှည်) ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၈)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့၊ ဆွာမင်းလမ်းကျေးရွာအုပ်စု မှန်စီကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လောကနိယာမ သဘောတရားအရ ပြုပြင်ပြောင်းလဲမှုသည် အချိန်နှင့်အမျှ ပြောင်းလဲ နေပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုရေစီးကြောင်းတွင် လိုက်ပါနိုင်မှ မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်သည် ဖက်ဒရယ်ပြည်ထောင်စုအတွက် အထောက်အပံ့ဖြစ်ပြီး ဖယ်ဒရယ် ပြည်ထောင်စုသည် ဒီမိုကရေစီခိုင်မြဲရေးကိုအားပေးပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု သန္နိဋ္ဌာန်ချထားခြင်းဖြစ်ပါကြောင်းနှင့် ဒီမိုကရေစီစနစ်တွင် ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လူသားအားလုံး ဥပဒေအောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက မှန်စီကျေးရွာမှ တိုးဂိတ်လမ်းကြောင်းနှင့် စာသင်ကျောင်းခြံစည်းရိုးတို့အား ပြုပြင်ပေးရန်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ …

Read More »

မြို့လှမြို့ အောင်တော်မူတောရဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်အား ဝန်ကြီးချုပ် ဦးဝင်းသိန်းသွားရောက်ဖူးမျှော်

FI

သြဂုတ် ၁၈ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီး ဝန်းကြီးချုပ် ဦးဝင်းသိန်း ယနေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် မြို့လှမြို့ အောင်တော်မူတောရဓမ္မရိပ်သာကျောင်းတိုက်သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော်အား ဖူးမျှော်ကန်တော့လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြို့လှမြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

သြဂုတ် ၁၈ (မြို့လှ) ============ သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က မြို့လှမြို့ အမှတ်(၃)ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအနေဖြင့် အာဏာကို တစ်စုတစ်ဖွဲ့တည်းက ချုပ်ကိုင်ထား၍မရဘဲ ခွဲဝေသုံးစွဲနိုင်ရန်၊ ဗဟိုအဆင့်မှာလည်း လုပ်ပိုင်ခွင့်များ လျော့ချလျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွက် ခွဲဝေချထားပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့အကျိုးရှေရှုလျက် ဘယ်လိုစီမံကိန်းပဲ လုပ်လုပ် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ မြေပြင်ကွင်းဆင်း အသိပေးဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်လူငယ်များအတွက် အခြေခံရေသောက်မြစ်ဖြစ်သော ပညာရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ ဆရာ/ဆရာမများ၊ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်းတို့က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဆွေးနွေးပြောကြားသည်။ ထို့နောက် …

Read More »

မြေယာနှင့် သီးနှံလျော်ကြေးငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

သြဂုတ် ၁၈ (ရေတာရှည်) ============= သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရေတာရှည်-ကရင်ချောင်းလမ်းပေါ်ရှိ စစ်တောင်မြစ်ကူးတံတား (ရေတာရှည်) ချဉ်းကပ်လမ်း ဖောက်လုပ်စဉ် ပါဝင်သွားသော မြေဧကများအား မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရေတာရှည်-ကရင်ချောင်း လမ်းပေါ်ရှိ စစ်တောင်မြစ်ကူးတံတား( ရေတာရှည်) ချဉ်းကပ်လမ်း ဖောက်လုပ်စဉ် ပါဝင်သွားသော မြေဧကများအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က မြေယာနှင့် သီးနှံလျော်ကြေးငွေများ ပေးအပ်ကြကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ မြေယာလျော်ကြေးငွေပေးအပ်ရာတွင် ရေတာရှည်-ကရင်ချောင်းလမ်းပေါ်ရှိ စစ်တောင်မြစ်ကူးတံတား (ရေတာရှည်) ချဉ်းကပ်လမ်း ဖောက်လုပ်စဉ် ပါဝင်သွားသည့် တောင်ငူဖက်ခြမ်းမှ (၁၇.၃၇)ဧကနှင့် ရေတာရှည်ဖက်ခြမ်းမှ(၂၁.၁၁) ဧက …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့ ဓာတုကလျာဈေးအား သွားရောက်ကြည့်ရှုစစ်ဆေး

FI

သြဂုတ် ၁၈ (တောင်ငူ) ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၇)နာရီအချိန်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ မြို့နယ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့ အမှတ်(၂၀)ရပ်ကွက်ရှိ ဓာတုကလျာဈေးအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဒေါ်ခင်အေးဝင်း၊ စည်ပင်သာယာကော်မတီ ဥက္ကဌ ဦးအေးလွင်တို့က ဓာတုကလျာဈေး၏ သမိုင်းကြောင်း၊ ဈေးတည်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က ဈေးအတွင်း လှည့်လည်ကြည့်ရှုပြီး ဈေးရောင်းချ ဝယ်ယူနေသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ အဆိုပါဈေးသည် ဧရိယာ(၁.၈၂၆)ဧကကျယ်ဝန်းပြီး တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၁၉၆၅-၁၉၉၅ အထိ နှစ်(၃၀)ဂရမ်ရရှိထားသော စည်ပင်သာယာပိုင်ဈေးဖြစ်ကြောင်း သိရသည်။

Read More »