Home / 2019 / August / 19

Daily Archives: August 19, 2019

သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဈေးပြိုင်တင်ဒါခေါ်ယူခြင်း

TGoone

သြဂုတ် ၁၉ (သဲကုန်း) =================== သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။ အပြည့်အစုံကြည့်ရှုန်——————

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ် ပိန္နဲကုန်ကျေးရွာပြည်သူများနှင့်တွေ့ဆုံ

FI

သြဂုတ် ၁၉ (ဖြူး) ============== သြဂုတ်လ(၁၉)ရက်နေ့ နံနက်(၉:၅၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများနှင့်အတူ ဖြူးမြို့နယ် ပိန္နဲကုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများက ရွေးချယ်တင်မြှောက်၍ အစိုးရတာဝန်ထမ်းဆောင်နေရပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို မိမိတို့အစိုးရမှ ဝန်ဆောင်မှုပြန်လည်ပေးရမည်ဖြစ်ကြောင်း၊ ယခင်က လူတန်စားမျိုးစုံ၊ ဘာသာ/လူမျိုးပေါင်းစုံ ပူးပေါင်းပြီး လွတ်လပ်ရေးကို ရယူခဲ့သော်လည်း အမုန်းတရားကိုအစွဲပြုပြီး အတ္တကိုအခြေခံခဲ့တဲ့အတွက် ယခုအချိန်ထိ လွတ်လပ်ရေးရရှိခဲ့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးကြောင်း၊ မတူကွဲပြားမှုကို လက်ခံရမယ်ဆိုတာ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ပါတီနှင့်တစ်ပါတီ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ဘာသာနှင့်တစ်ဘာသာ ပူးပေါင်းဆောင်ရွက်တတ်စေခြင်း၊ အပြန်အလှန် လေးစားယုံကြည်မှုရှိစေခြင်းတို့ ရှိမှသာ အေးချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ရရှိနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် တိုးတက်ဖွံ့ဖြိုးသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများက ဇဟားချောင်းကူးတံတား …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်-ကရင်ချောင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

သြဂုတ် ၁၈ (ရေတာရှည်) =============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သြဂုတ်လ(၁၈)ရက်နေ့ ညနေ(၆)နာရီအချိန်က တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး၊ အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများလိုက်ပါလျှက် ရေတာရှည်မြို့နယ် ရေတာရှည်-ကရင်ချောင်းလမ်း အဆင့်မြင့်တင် တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ရေတာရှည်-ကရင်ချောင်း လမ်းအား(ဝ/၀)မိုင်မှ (၁/၂)မိုင်အထိ (၁)မိုင်(၂)ဖာလုံကို ရေတာရှည်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူ၍ လမ်းလယ်ကျွန်းနှင့် နှစ်လမ်းသွား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး တောင်ငူခရိုင်လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမောင်ထွန်းမှ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

Read More »