Home / 2019 / August / 21

Daily Archives: August 21, 2019

ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်အား ရှေးဟောင်းနယ်မြေဥယျာဉ်(Historical Park)အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

FI

သြဂုတ် ၂၁ (ပဲခူး) ================== သြဂုတ်လ (၂၁)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်အား ရှေးဟောင်းနယ်မြေဥယျာဉ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် EOI စိစစ်ခြင်း၊ ရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက မြန်မာနိုင်ငံ၏ သမိုင်းဝင်ရှေးဟောင်းနေရာ၊ ပဲခူးတိုင်းဒေသကြီး၏ ပြယုဂ်နေရာဖြစ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှုမရှိစေဘဲ ရေရှည်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်၊ ရှေးမူမပျက်စေဘဲ ပြည်တွင်း/ပြည်ပ ခရီးသွားများ အပန်းဖြေနိုင်ရန်၊ တိုင်းပြည်ဝင်ငွေ တိုးတက်စေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန်နှင့် ပဲခူးမြို့သို့ ရောက်ရှိပါက ကမ္ဘောဇသာဒီနန်းတော်အား မဝင်မဖြစ် ဝင်ရောက်လည်ပတ်ရန် နေရာတစ်ခုဖြစ်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများအတွက် ရှေးဟောင်းယဉ်ကျေးမှုကို ပိုမိုချစ်မြတ်နိုးပြီး ရေရှည်တည်တံ့ခိုင်မြဲကာ သမိုင်းတန်ဖိုး လေးစားတန်ဖိုးထားတတ်စေရန်နှင့် စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးစေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Emerald …

Read More »