Home / 2019 / August / 24

Daily Archives: August 24, 2019

သာယာဝတီခရိုင်အဆင့် ကရင်ရိုးရာလက်ချည်ဖြူ ဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၄ (အုတ်ဖို) ============= သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရွာမရပ်ကွက်၊ ဝါဆိုဦး(၂) လမ်းရှိ ဝါဆိုဦးဘုန်းတော်ကြီးကျောင်းတွင် သာယာဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာ လက်ရစ်ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ဝါဆိုဦးကျောင်း တိုက်ကြပ်ဆရာတော် ဦးစန္ဒာသီရိနှင့်သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်ဇင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်နှင့် ဌာနဆိုင်ရာများ၊ သာယာဝတီခရိုင်(၈) မြို့နယ် မှ ကရင်တိုင်းရင်းသား/တိုင်းရင်းသူများ အင်အား (၁၀၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ကရင်တိုင်းရင်းသား/ သူများက ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။ အခမ်းအနားတွင် ဝါဆိုဦးကျောင်း တိုက်ကြပ်ဆရာနော်ဦးစန္ဒာသီရိက သြဝါဒစကားမိန့် ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက လက်ရစ်ချည်ဖြူ ဖွဲ့အကြောင်း ရှင်းလင်းပြောကြားကာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားအရေးကိစ္စများဆိုင်ရာ ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် …

Read More »

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း(ပဲခူး)အသင်း အတည်ပြုဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၄ (ပဲခူး) ============== ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ် ကမ္ဘောဇသာဒီခန်းမတွင် သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူး)အသင်း အတည်ပြုဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် ဥပဒေချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ရုံးမှ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် ဒုတိယဥက္ကဌ ဦးသန့်စိုးက မိတ်ဆက်ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူးအသင်း) ဒုတိယဥက္ကဌ ဦးစိုင်းသိန်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ပဲခူးအသင်း)အဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း ချုပ်ရုံး၏လှုပ်ရှားဆောင်ရွက်မှုများကို VCD ဖြင့် ပြသသည်။ ယင်းနောက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ရုံးမှ ဒုတိယဥက္ကဌ ဦးမိုးကျော်သူက ကျေးဇူးတင်စကား …

Read More »