Daily Archives: September 2, 2019

မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်ပုံလုံးဝကင်းစင်ရေး ဂုဏ်ပြူဆုချီးမြှင့်ပွဲနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂ (ပဲခူး) ============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာလ(၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်ပုံလုံးဝကင်းစင်ရေး ဂုဏ်ပြူဆုချီးမြှင့်ပွဲနှင့် ၂၀၁၈-၂၀၁၉ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော စည်ပင်သာယာရေးဝန်ထမ်း မိသားစုဝင်သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် မိမိတို့မြို့နယ် သန့်ရှင်းသာယာလှပရေး၊ အမှိုက်ပုံကင်းစင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် စီမံချက်များနည်းလမ်းများချမှတ်ပြီး စိတ်စေတနာကောင်းများနှင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း၊ မြို့နယ်များရှိမြို့ပေါ်တွင်သာမက မြို့ခွဲများရှိမြို့များတွင်လည်း (Plan)ချမှတ်ပြီး ဆောင်ရွက်သွားကြရန်၊ ကျောင်းသား/သူများအနေဖြင့်လည်း တက္ကသိုလ်ဝင်တန်း အောင်မြင်အောင်ကြိုးစားနိုင်ခဲ့ခြင်းမှာ ဘဝရဲ့အခြေခံလှေကားထစ်တစ်ခုကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်၍ ကြိုးစားမှုရလာဒ်များနှင့်အညီ ဂုဏ်ပြုဆုချီးမြှင့်ရသည်မှာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရှေ့ဆက်၍လည်းအနာဂတ်တွင် ကောင်းမွန်သော ဘဝပန်းတိုင်များထားရှိပြီး ကြိုးစားသွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်ပုံလုံးဝကင်းစင်ရေး တတိယဆုရရှိသည့် ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အား …

Read More »