Daily Archives: September 3, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ ဘဏ်ချေးငွေဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအား လာရောက်ရှင်းလင်း

FI

စက်တင်ဘာ ၃ (ပဲခူး) ================== စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ တာဝန်ရှိသူများမှ ဘဏ်ချေးငွေဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအား လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နေပြည်တော်စည်ပင်ဘဏ်လီမိတက်အနေဖြင့် တင်ဒါလုပ်ငန်းဆောင်ရွက်သူ လုပ်ငန်းရှင်များ၊ စျေးဆိုင်ခန်းပိုင်ရှင်နှင့် စျေးသူ/သားများအား ဘဏ်ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်နေသည်ကို သိရှိရ၍ ကျေးဇူးတင်ပါကြောင်း၊ အဆိုပါချေးငွေလုပ်ငန်းသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ရသည့် တင်ဒါလုပ်ငန်းရှင်များအတွက် များစွာအထောက်အကူဖြစ်ပြီး နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါကြောင်း၊ ဒီလိုလာရောက်ရှင်းပြမှုများကိုလည်း အများပြည်သူများ သိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် သတင်းများထုတ်ပြန်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အောက်ခြေပြည်သူများအတွက်လည်း ယုံကြည်အားကိုးရာဘဏ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်စည်ပင်ဘဏ်လီမိတက် ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ ဖွင့်လှစ်ခဲ့မှုနှင့် ချေးငွေလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ နေပြည်တော်စည်ပင်ဘဏ်လီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ငြိမ်းက တင်ဒါအောင်မြင်ခဲ့သော …

Read More »

ပဲခူးမြို့၌ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၃ (ပဲခူး) ================= စက်တင်ဘာလ (၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လူငယ်များ၏အနာဂတ်သည် နိုင်ငံ၏အနာဂတ်ဖြစ်သဖြင့် လူငယ်များ၏ကဏ္ဍ၊ လူငယ်များရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရန် လူငယ်များအားစနစ်တကျ ပြုစုပျိုးထောင်နိုင်သော လူငယ်များကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့် လူငယ်မူဝါဒလိုအပ်ကြောင်း၊ လူငယ်များကြား မတူညီကွဲပြားသည့် အခြေအနေများကို ပေါင်းစပ်ညှိနှိုင်း၍ ဘုံသဘောတူညီချက်ကိုရယူကာ အဆင့်ဆင့်အချိန်ယူဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဤမူဝါဒမှတဆင့် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဖော်ထုတ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် နောင်တွင်လည်းခေတ်စနစ် အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိရန်လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်သည်ဖြစ်ရာ ဤမူဝါဒကို အတည်ပြု၍ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးအတွက် အလေးထား ကြိုးစားကြစေလို ပြောကြားခဲ့ပြီး ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေမှ နှုတ်ခွန်းဆက်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ် …

Read More »