Daily Archives: September 4, 2019

အသုံးပြုရန်မရှိသည့် စွှန့်လွှတ်မြေများနိုင်ငံတော်သို့ ပြန်လည်အပ်နှံလာမှုအပေါ် မူလတောင်သူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

စက်တင်ဘာ ၄ (ပန်းတောင်း) ============================ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက် (၉:၃ဝ)နာရီက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ အသုံးပြုရန်မရှိသည့် စွှန့်လွှတ်မြေများ နိုင်ငံတော်သို့ ပြန်လည်အပ်နှံလာမှုအပေါ် မူလတောင်သူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင် က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်က ပန်းတောင်းမြို့နယ် မြေ/စစ်အဖွဲ့အနေဖြင့် ဆောင်ရွက်နေမှုလုပ်ငန်းများအပေါ် ဆွေးနွေးတင်ပြပြီးနောက် စွန့်လွှတ်မြေများအား တောင်သူတစ်ဦးချင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း တပ်ရင်းတပ်ဖွဲ့နှင့် ဝန်ကြီးဌာနများမှ အသုံးပြုရန် မလိုသည့် စွန့်လွှတ်မြေများ နိုင်ငံတော်သို့ ပြန်လည်အပ်နှံလာမှုကို တောင်သူများထံသို့ အချိန်နှင့် တစ်ပြေးညီ လွှဲပြောင်းပေးအပ်လျက်ရှိပြီး၊ ပြည်ခရိုင်အတွင်း စွန့်လွှတ်မြေများကို ပြည်မြို့နယ်တွင် (၂၉.၇၅)ဧက၊ ရွှေတောင်မြို့နယ်တွင် (၁၆.၈၇)ဧကနှင့် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအုပ်စုအတွင်း အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂၃)မှ …

Read More »

ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း၏ မြို့ရိုးနှင့် ရှေးဟောင်းကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်းနှင့် ရေရှည်ကာကွယ်ထိန်းသိမ်းပြုပြင်ရန် EOI ခေါ်ယူနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိ

FI

စက်တင်ဘာ ၄ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း၏ မြို့ရိုးနှင့် ရှေးဟောင်းကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်းနှင့် ရေရှည်ကာကွယ်ထိန်းသိမ်းပြုပြင်ရန် EOI ခေါ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဘုရင့်နောင်မင်းတရားကြီး၏ ဟံသာဝတီမြို့ဟောင်းသည် မြို့ရိုး၊ မြို့တာ၊ ကျုံး၊ မြို့တံခါးစသော မြို့အင်္ဂါရပ်များဖြင့် တည်ဆောက်ခဲ့ကြောင်း ကြွင်းကျန်ရစ်သော အထောက်အထားများအရ သိရှိနိုင်သော်လည်း ခေတ်ကာလ ကြာမြင့်မှု၊ လူသားတို့ဝင်ရောက်နေထိုင်မှုတို့ကြောင့် ဟံသာဝတီမြို့ဟောင်းသည် တိမ်မြှုပ်ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရကြောင်း၊ အနာဂါတ်ကလေးငယ်များ သမိုင်း၏တန်ဖိုးအား သိရှိနားလည်နိုင်စေရန်အတွက် ဟံသာဝတီမြို့ဟောင်း၏ မြို့ရိုးနှင့် ကျုံးတို့အား ပြန်လည်တူးဖော်ပြီး ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် EOI ခေါ်ယူရန် စီစဉ်ရခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပညာရှင်များမှလည်း အကြံဉာဏ်များ ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ဟံသာဝတီမြို့ဟောင်း မြို့ရိုးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး လွှမ်းခြုံနိုင်သည့် Network တစ်ခု တည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေး

FI

စက်တင်ဘာ ၄ (ပဲခူး) ========================== စက်တင်ဘာလ (၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး လွှမ်းခြုံနိုင်သည့် Network တစ်ခု တည်ဆောက်နိုင်ရန် e-Government ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးe-Government ကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာစောညိုဝင်းက e-Government သင်တန်းများအား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ထိ သင်ကြားပေးသွားမည့် လုပ်ငန်းအစီအစဉ်များ၊ တက်ရောက်မည့် သင်တန်းသားများနှင့် နေထိုင်ရေးဆောင်ရွက်ပေးရမည့် အစီအစဉ်များ၊ e-Government လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြက် ဆောင်ရွက်သွားရန် လိုအပ်ချက်များ၊ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး လွှမ်းခြုံနိုင်မည့် e-Office လုပ်ငန်းများ ဒုတိယအဆင့် ဆောင်ရွက်မည့်အစီအစဉ်များ၊ VPN တည်ဆောက်မည့် အစီအစဉ်များအား ကော်မတီဝင်များအားလုံး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ကြိုတင် ဆောင်ရွက်ထားသည့် အစီအမံများအား ပြည့်စုံစွာ တင်ပြပေးရန် ပြောကြားခဲ့သည်။ …

Read More »