Daily Archives: September 8, 2019

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနလက်အောက် တာ၀န်ရှိသူများနှင့်တွေ့ဆုံ

FI

စက်တင်ဘာ ၈ (ပဲခူး) ================ ပဲခူးမြို့၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနလက်အောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများမှတာဝန်ရှိသူများ တွေ့ဆုံလမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မိုးကြည်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးနိုင်က အားကစားနှင့် ကာယပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်က တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပဲခူးသားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဒေါ်ဌေးဌေးမွန်က သားဖွားသင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဖြည့်ဆည်းပေးရန်လို …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၈(ပဲခူး) ================= ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍လည်းကောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ကျွန်တော့်ရည်မှန်းချက်” တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” တေးသရုပ်ဖော်ဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတစ်နိုင်ငံ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးသည့် အပိုင်းတွင်ပါဝင်နေပြီး စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကိုတည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာတတ်မြောက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ရာရောက်ပြီး အမျိုးသားရေးအသိ အမျိုးသားရေးအမြင် အမျိုးသားရေးခံယူချက်တို့ဖြင့် အမျိုးသားရေးတာဝန်အရ ညီညာဖြဖြကြိုးပမ်းသွားကြရန် …

Read More »