Daily Archives: September 9, 2019

ပဲခူးမြို့တွင် အေရိုးဗစ်နှင့် Myanmar Fitness Dance(EIM) နည်းပြဆင့်ပွားသင်တန်း (၁/၂၀၁၉) ဆင်းပွဲအခမ်းအနားကျင်းပ

FI

စက်တင်ဘာ ၉ (ပဲခူး) ================ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှုး၍ ဖွင့်လှစ်ခဲ့သော အေရိုးဗစ်နှင့် Myanmar Fitness Dance(EIM) နည်းပြဆင့်ပွားသင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲအား စက်တင်ဘာလ(၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ယခုဖွင့်လှစ်ခဲ့သောသင်တန်းမှ ပို့ချလိုက်သည့် အသစ်ပြောင်းလဲလိုက်သော အေရိုးဗစ်လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများကို စနစ်တကျပြန်လည်လေ့လာဆန်းစစ်ပြီး မိမိတို့ဒေသတွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန်၊ လူတိုင်းလူမှုဘဝအစဉ်လှပစေဖို့ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားကို ကျောင်းသား/သူများနှင့် ပြည်သူများအကြား ပြန့်နှံ့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ် ရောဂါဘယများစွာ ကာကွယ်နိုင်သလို အားကစားလေ့လာလိုက်စားခြင်းဖြင့် ကုသရာလည်းရောက်ပြီး ကောင်းကျိုးများ သက်ရောက်မှုရှိသည်ဆိုသည့် အချက်အား ပြည်သူလူထုတစ်ရပ်လုံး သိရှိနားလည်၍ လှုပ်ရှားဆောင်ရွက်လာအောင် စည်းရုံးစွမ်းဆောင်နိုင်ကြသူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ခံပြည်သူများအတွက် ဆန်တန်ချိန်(၈၂.၂)တန်အား APTERR အဖွဲ့မှ လာရောက်လွှဲပြောင်းပေး

FI

စက်တင်ဘာ ၉ (ပဲခူး) ====================== စက်တင်ဘာလ (၉)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အာဆီယံအပေါင်း(၃)၊ အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန်(၈၂.၂)တန်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ယခုလို သဘာဝဘေးသင့်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားနည်းလည်မှုဖြင့် အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံ မှ ဆန်တန်ချိန်(၈၂.၂)အားလာရောက်ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ယခင်က သဘာဝသယံဇာတ ပေါကြွယ်ဝခဲ့သော်လည်း မှားယွင်းသောစီမံခန့်ခွဲမှုများကြောင့် ယနေ့အချိန်တွင် သဘာဝဘေးဒဏ်များ ခံစားနေရကြောင်း၊ ဒါတွေကိုလည်း ပြန်လည်ကုစားနိုင်ရေး မိမိတို့အစိုးရမှ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် APTERR အတွင်းရေးမှူးရုံး အကြီးအဲ Mr. Chanpithya တို့က အာဆီယံအပေါင်း(၃) အရေးပေါ်အရန်ဆန်ရိက္ခာ လှူဒါန်းခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး ဆန်တန်ချိန်(၈၂.၂)အား လွှဲပြောင်းပေးအပ်ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ …

Read More »

စွန့်ပစ်ပစ္စည်းများဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဂျပန်နိုင်ငံအခြေစိုက် Osaka Technocrat Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

FI

စက်တင်ဘာ ၉ (ပဲခူး) ==================== စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ စွန့်ပစ်ပစ္စည်းများဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဂျပန်နိုင်ငံအခြေစိုက် Osaka Technocrat Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ Osaka Technocrat Co., Ltd , Director , Mr. Yoshisugu Mine က မိမိတို့ကုမ္ပဏီအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဆင်ကူးဝက်လှကျေးရွာအုပ်စုအတွင်းရှိ ကညင်တကိုင်းကျေးရွာ၌ စွန့်ပစ်ပစ္စည်းများဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်၍ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးလက်မီးလင်းရေးနှင့်ပတ်သက်၍ ကုန်ကျစရိတ်နှင့်ပတ်သက်၍  ဂျပန်အစိုးရထောက်ပံ့ငွေဖြင့် ဂျပန်နိုင်ငံနည်းပညာတက္ကသိုလ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း နည်းပညာတက္ကသိုလ်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်အဆင့်အနေဖြင့်လည်း ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ယခုအခါ မဟာဓါတ်အားလိုင်းနှင့် (၂)မိုင်အတွင်းနှင့် (၅)မိုင် …

Read More »