Home / ကဝမြို့နယ် / ဝန်ကြီး ဒေါက်တာစောညိုဝင်း ရေဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ကယ်ဆယ်ရေး စခန်းများသို့ ကြည့်ရှုစစ်ဆေး

ဝန်ကြီး ဒေါက်တာစောညိုဝင်း ရေဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ကယ်ဆယ်ရေး စခန်းများသို့ ကြည့်ရှုစစ်ဆေး

ဇူလိုင် ၂၉ (ပဲခူး)

=======================

ပဲခူးတိုင်းဒေသကြီးသစ်တော၊ သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းသည် ဇူလိုင်လ (၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ
ညောင်ဝိုင်းတာ ၊ပုဏ္ဏားစုတာ ကြံခိုင်မှုစစ်ဆေးပြီး ရွှေနံ့သာကျောင်းကယ်ဆယ်ရေးစခန်းကြည့်ရှု လိုအပ်သည်များ မေးမြန်းပြီးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးသည် မွန်းလွဲပိုင်း၌ သနပ်ပင်မြို့သွားရောက် ခရမ်းကျေးရွာမှ လေဘေးသင့်ခံရသူများနှင့် တာဝကျေးရွာမှ ရေဘေးသင့်ခံရသူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဖရဲကျေးရွာသို့သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ခြေနီအသင်းမှ ကျန်းမာရေးသုံးပစ္စည်းများ အိမ်သုံး လက်သမားပစ္စည်းများပေးအပ်ခဲ့သည်။
ယင်းနောက် ညနေပိုင်းတွင် ဝန်ကြီးသည် ပဲခူးမြို့ ဥဿာမြို့သစ် ၂ ရပ်ကွက် မြို့သစ်ကျောင်းမှ ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး လိုအပ်သည်များထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။