Home / ညောင်လေးပင်မြို့နယ် / ရွှေကျင်မြို့နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ ရေဘေးသင့် ပြည်သူများထံသို့ ကွင်းဆင်း၍ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

ရွှေကျင်မြို့နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ ရေဘေးသင့် ပြည်သူများထံသို့ ကွင်းဆင်း၍ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

ဇူလိုင် ၂၉ (ပဲခူး)
**********************************

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ဇူလိုင်လ(၂၉)ရက်နေ့တွင် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများလိုက်ပါလျက် စစ်တောင်းမြစ် ရေကြီးမှုကြောင့် ရေကြီးနစ်မြုပ်မှု ဒဏ်ခံရသည့် ရွှေကျင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းခဲ့ပြီး ရေဘေး သင့်ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ(၁၆၅)သိန်းနှင့်  ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရွှေကျင်မြို့နယ် အတွင်း ရပ်ကွက်ကျေးရွာအုပ်စုပေါင်း(၁၅)ရွာ၊ အိမ်ထောင်စု ပေါင်း(၅၂၂၂)စု၊ လူဦးရေ(၂၄၈၇၇)ဦး တို့ အား ရေလွှတ်ရာနေရာသို့ ယာယီရွှေ့ပြောင်းထားပြီး စာသင်ကျောင်း(၅၉)ကျောင်း ခေတ္တယာယီ ပိတ်ထားလျက်ရှိကြောင်း သတင်းရရှိသည်။