Home / ကဝမြို့နယ် / ရေဘေးသင့်ပြည်သူများအား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ သွားရောက်ကူညီထောက်ပံ့

ရေဘေးသင့်ပြည်သူများအား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ သွားရောက်ကူညီထောက်ပံ့

ဇူလိုင် ၃၀ (ပဲခူး)
====================


ကရင်တိုင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးသည် ရွှေကျင်မြို့ ရွှေတောင်ဦးစေတီရှိ ငါးထပ်ကြီးဘုရားတန်ဆောင်း ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်များ၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ တိုင်တရာကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ဘုရားကြီးမြို့ ဦးထွန်းသန်းဓမ္မာရုံတွင် ယာယီထားရှိသော ရေဘေးသင့်ပြည်သူများနှင့် ဘုရားကြီးမြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ဖိုးရိက္ခာထောက်ပံ့ခြင်းကို ဇူလိုင်လ (၂၆)ရက်နေ့တွင်လည်းကောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ)၊ ရှင်စောပုအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့နှင့် အတူ ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုပ်များ ရေဘူးများနှင့် လိုအပ်သည့်ပစ္စည်းများလှူခြင်းကို ဇူလိုင်လ (၂၇၊၂၈၊၂၉) ရက်နေ့များတွင်လည်းကောင်း၊ ကဝမြို့နယ် လှပေါစာ စားကျက်အတွင်းရှိ စာဖြူစုကျေးရွာနှင့် ဖြူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် စားသောက်ကုန်များကို သွားရောက်လှူဒါန်းခြင်းတို့ကို ဇူလိုင်လ (၃၀)ရက်နေ့လည်းကောင်း ကူညီဆောင်ရွက်ခဲ့ပါသည်။