Home / အုပ်ချုပ်ရေး / တောင်ငူခရိုင် / တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လာရောက်လှူဒါန်း

တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လာရောက်လှူဒါန်း

သြဂုတ် ၃၁ (ပဲခူး)
==================

သြဂုတ်လ (၃၁)ရက်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်းသို့ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စိန်နန်းစံကုမ္ပဏီ မိသားစုမှ အလှူငွေ သိန်း(၅၀)ကျပ်အား လာရောက်လှူဒါန်းခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။