Home / အုပ်ချုပ်ရေး / တောင်ငူခရိုင် / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ထန်းတပင်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ်မှု အခြေအနေအား လိုက်လံကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ထန်းတပင်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ်မှု အခြေအနေအား လိုက်လံကြည့်ရှု

သြဂုတ် ၃၁ (တောင်ငူ)
======================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် သြဂုတ်လ(၃၁)ရက်နေ့ ညနေ(၄)နာရီအချိန်က စစ်တောင်းမြစ်ရေနှင့် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ထန်းတပင်မြို့နယ်တို့တွင် ရေကြီးနစ်မြှု ပ်မှုအခြေအနေအား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့သည်။
ရှေ့ဦးစွာ ထန်းတပင်မြို့နယ်အတွင်းရှိ ဆိတ်ကြီးတာ ရေကျော်သည့်နေရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများက မြေဖို့ခြင်းလုပ်ငန်းစုပေါင်းလုပ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ ခပေါင်းခန်းမတွင်ဖွင့်လှစ်ထားရှိသော တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်း အလှူရှင်များမှ လာရောက်လှူ ဒါန်းမှုအခြေအနေ၊ စနစ်တကျထားသို ပြန်လည်ဖြန့်ဝေမှုအခြေအနေများကို ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပစ္စည်းများအမြန်ဆုံး ရောက်ရှိအောင်ပြန်လည်ဖြန့်ဝေပေးရန် တာဝန်ရှိသူများကိုလမ်းညွှန်မှာကြားကာ အမှတ်(၁၉)ရပ်ကွက်၊ အထက(၅)၊ အမှတ်(၂၀)ရပ်ကွက် အထက(၄) ယာယီကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့်သွားရောက်တွေ့ဆုံပြီး ဆန်ရိက္ခာဖိုးငွေများနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် ဆွာချောင်းတမံရေပိုလွှဲပဲ့ကျမှု၊ စစ်တောင်းမြစ်ရေမြင့်တက်လာမှုတို့ကြောင့် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ကျောက်ကြီး၊ ရွှေကျင်နှင့် ထန်းတပင်မြို့နယ်တွင် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်လျှက်ရှိရာ သြဂုတ်လ(၃၁)ရက်နေ့ထုတ်ပြန်ထားသောစာရင်းအရ ရေတာရှည်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း(၂၂)ခု၊ လူဦးရေ(၅၀၂၈)ဦး၊ တောင်ငူမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း(၄၄)ခု၊ လူဦးရေ(၂၄၆၇၂)ဦး၊ အုတ်တွင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း(၇)ခု၊ လူဦးရေ(၁၄၆၀)ဦး၊ ကျောက်ကြီးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း(၁၁)ခု၊ လူဦးရေ(၄၃၂)ဦး၊ ရွှေကျင်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း(၁)ခု၊ လူဦးရေ(၄၁)ဦး စုစုပေါင်းကယ်ဆယ်ရေးစခန်း(၈၅)ခုဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူ(၃၁၆၃၃)ဦး နေထိုင်လျှက်ရှိသည်။
ရေကြီးနစ်မြှုပ်မှုကြောင့် အခြေခွပညာမူလတန်းကျောင်း (၂၆၉)ကျောင်း၊ အလယ်တန်းကျောင်း(၃၇)ကျောင်း၊ အထက်တန်းကျောင်း(၁၃)ကျောင်း၊ စုစုပေါင်း(၃၁၉)ကျောင်းခေတ္တပိတ်ထားရပြီး ပျောက်ဆုံးသူ(၃)ဦး၊ သေဆုံးသူ(၄)ဦးရှိကြောင်း သိရသည်။