Home / ရေတာရှည်မြို့နယ် / ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များ ဝန်ကြီးချုပ် ဦးဝင်းသိန်း ကွင်းဆင်းကြည့်ရှု

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များ ဝန်ကြီးချုပ် ဦးဝင်းသိန်း ကွင်းဆင်းကြည့်ရှု

စက်တင်ဘာ ၁၁ (ရေတာရှည်)
=======================

စက်တင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီခွဲအချိန်က ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာနှင့် ရွှေသပြေကျေးရွာများရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုကြောင့် နေအိမ်များ ပြိုလဲ/ပျက်စီးခဲ့သည့် နေအိမ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က ဆွာမင်းလမ်းကျေးရွာရှိ ကျေးရွာပြည်သူလူထုနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ဆွာချောင်းရေတိုက်စားမှုနှင့် လွတ်ကင်းသည့် ကျေးရွာ၏တောင်ဘက်ခြမ်းတွင် နေအိမ်အသစ်များ ပြန်လည်တည်ဆောက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့ရာ၊ ကျေးရွာနေပြည်သူလူထု၏ လိုလားချက်၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရွှေသပြေကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူလူထုနှင့်တွေ့ဆုံကာ ရေဘေးကြောင့် လယ်ယာမြေများ ထိခိုက် ခံရမှု၊ ရေအိမ်များ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများအား အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဆွာမင်းလမ်းကျေးရွာရှိ မိခင်သေဆုံးသွားသည့် ကလေးငယ်အတွက် ထောက်ပံ့ငွေကျပ်(၁)သိန်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဦးရှိန်ဝင်းမှ ထောက်ပံ့ငွေကျပ်(၁)သိန်း တို့အား ပေးအပ်ခဲ့ပြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအနီးရှိ ဆွာချောင်း ရေလမ်းကြောင်း ပြောင်းလဲစီးဆင်းနေမှုအား ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းစီမံချက် အသေးစိတ်အား ပဲခူးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။