Home / မီဒီယာ / သတင်းမှတ်တမ်းများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ခုံခံသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ခုံခံသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

စက်တင်ဘာ ၁၂ (အုတ်တွင်း)
==============

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၁၂)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က တာဝန်ရှိသူများနှင့်အတူ အုတ်တွင်းမြို့ စံပယ်လမ်းနှင့် မြတ်လေးလမ်းဆုံတွင် တည်ဆောက်ထားသော အုတ်ခုံခံသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ တံတားသည် အရှည်(၁၃)ပေ၊အကျယ်(၅)ပေ ၃လက်မ၊ အမြင့်(၄)ပေရှိ အုတ်ခုံခံသံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး အုတ်တွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈ခုနှစ်(ဧပြီလမှ စက်တင်ဘာလ)အထိ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၁.၂၅)သန်းဖြင့် မြွေတော်ထွန်းထွန်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။