Home / အုပ်ချုပ်ရေး / ပဲခူးခရိုင် / ပဲခူးမြစ်ကူးတံတား(အသစ်) စီမံကိန်း အကောင်အထည်ဖော်ရေးကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးမြစ်ကူးတံတား(အသစ်) စီမံကိန်း အကောင်အထည်ဖော်ရေးကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

စက်တင်ဘာ ၁၈ (ရန်ကုန်)
==========================

စက်တင်ဘာလ (၁၈)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီး တို့ဆက်သွယ်ဖောက်လုပ်မည့်
ရန်ကုန်တိုင်းဒေသကြီးဖက်အခြမ်းမှ ဆားတလင်း- ဒါးပိန်- ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီးဖက်မှ သပြု – ရှမ်းကန် – က၀ လမ်းအားဆက်သွယ်ဖောက်လုပ်မည့် ပဲခူးမြစ်ကူးတံတား (ကျွဲကူးဆိပ်) တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဝန်ကြီး ဒေါ်နီလာကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်းတို့တွေ့ဆုံ၍ ဒေသကြီးချင်းဆက် လမ်းအကောင်အထည်ဖော် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် လမ်းတံတားအဖွဲ့၊ ဆောက်လုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ဝေးကွာလွန်းသော နယ်မြို့လေးများ၏ စီးပွားရေးဖွံ့ဖြိုးမှုများအား အထောက်အကူပြုစေရန်၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း စတင်လာပါက ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် စက်မှု/လက်မှုကဏ္ဍများ ပိုမိုပူးပေါင်းဆောင်ရွက်ရမည်ဖြစ်၍ ယခုစီမံကိန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ပထမဆုံးပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းတစ်ခုဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု အထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်သည့်အပြင် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီးဖြစ်ကြောင်း သတင်းရရှိသည်။