Home / အုပ်ချုပ်ရေး / တောင်ငူခရိုင် / မုန်းတိုင်းသတင်း ထုတ်ပြန်ချက်

မုန်းတိုင်းသတင်း ထုတ်ပြန်ချက်

စက်တင်ဘာ ၁၉ (ပဲခူး)
========================

19-9-2018
စက်တင်ဘာလ (၁၉)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန် တိုင်းထွာချက်များအရ  မြန်မာ့ကမ်းရိုးတန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပြီး ၎င်းလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် အခြားပြည်နယ်/ တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
သို့ဖြစ်ပါ၍ မြစ်ကမ်းပါးတစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအနေဖြင့် အထူးသတိပြုနေနိုင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။