Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ

စက်တင်ဘာ ၂၀ (ပဲခူး)
==============================

စက်တင်ဘာလ (၂၀)ရက်နေ့၊ မွန်းလွဲ (၃) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌  ပဲခူးတိုင်းဒေသကြီး ရေဘေးနှင့် ဆွာမြို့ ရေဘေးကျရောက်ခဲ့သော ရေဘေးသင့်ပြည်သူများအတွက်  Lixil နှင့် Habitat For Humanity International မှအမေရိကန်ဒေါ်လာ (၁၅၆၀၈.၇၅) တန်ဖိုးရှိ SATO အိမ်သာခွက်များ လှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေး(၂)ကြိမ် ခံစားခဲ့ရမှု၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊  Lixil နှင့် Habitat For Humanity International မှ ရေဘေးသင့်ပြည်သူများအတွက် SATO အိမ်သာခွက်များ ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးမှ ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ ၊ အလှူ ရှင်များ တက်ရောက်ကြပါသည်။