Home / ပဲခူးမြို့နယ် / ပဲခူးမြို့တွင် ဖွင့်လှစ်ခဲ့သော အခြေခံမြားပစ်သင်တန်း(၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြို့တွင် ဖွင့်လှစ်ခဲ့သော အခြေခံမြားပစ်သင်တန်း(၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

အောက်တိုဘာ ၅ (ပဲခူး)
=================

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့သော အခြေခံမြားပစ်သင်တန်း(၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်း(အားကစား)ဦးကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ဝန်ကြီးချုပ်ဦးဝင်းသိန်း ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်ဦးနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်တို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ ဆုရရှိသောအမျိုးသား/အမျိုးသမီး သင်တန်းသား/သူများအား ဆုချီးမြင့်ခြင်းနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား/သူများက မြားပစ်သရုပ်ပြသကြသည်။
အခြေခံမြားပစ်သင်တန်းကို ပဲခူးတိုင်းဒေသကြီး၌ ၁၉၉၇ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၁ခုနှစ်တွင် ဒုတိယအကြိမ်၊ ယခု၂၀၁၈ခုနှစ်တွင် တတိယအကြိမ် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အတွက် ထူးချွန်အားကစားသမားများဖြစ်ကြသည့် မြတ်ဇော်ထွန်း၊ ဇာခြည်ဝင်းနှင့် သိမ့်သိမ့်မိုးတို့(၃)ဦးကို ပို့ပေးနိုင်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ (၂၂)နှစ်တာကာလအတွင်း နိုင်ငံတကာပွဲပေါင်း(၁၀၀)ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၉၄)ခု၊ ငွေတံဆိပ်(၉၇)ခု၊ ကြေးတံဆိပ်(၉၁)ခု၊ စုစုပေါင်း ဆုတံဆိပ်(၂၈၂)ခုအား နိုင်ငံတော်အတွက် ရယူပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံမြားပစ်သင်တန်း(၁/၂၀၁၈)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြားပစ်အားကစားနည်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာတို့တွင် ကောင်းကျိုးများရရှိနိုင်ရန်၊ အားကစားနည်းတရပ်ရပ်ကိုအခြေခံကျကျ လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားကာ ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပဲခူးမြို့တွင် စက်တာဘာလ(၁၄)ရက်နေ့မှ အောက်တိုဘာလ(၅)ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ(၃၂) ဦးတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။