Home / မီဒီယာ / သတင်းမှတ်တမ်းများ / ၂၀၁၈-၂၀၁၉ခုနှစ် မိုးရာသီရေကြီးနစ်မြုပ်ပျက်စီးသော ဂန္ဓမာ ပန်းစိုက်တောင်သူများသို့ ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် လူထုတွေ့ဆုံပွဲများပြုလုပ်

၂၀၁၈-၂၀၁၉ခုနှစ် မိုးရာသီရေကြီးနစ်မြုပ်ပျက်စီးသော ဂန္ဓမာ ပန်းစိုက်တောင်သူများသို့ ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် လူထုတွေ့ဆုံပွဲများပြုလုပ်

အုတ်တွင်း အောက်တိုဘာ ၇
================

အောက်တိုဘာလ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာ၌ ၂၀၁၈-၂၀၁၉ ခုနှစ် မိုးရာသီရေကြီးနစ်မြုပ်ပျက်စီးခဲ့သော ဂန္ဓမာပန်းစိုက်တောင်သူများအား ဓာတ်မြေသြဇာနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမြင့်က “မိုးစပါးပျက်စီး ဧကများအတွက် ယနေ့အထိ မျိုးစပါးစုစုပေါင်း(၂၅၄၁၆)တင်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဝါးတီးကျေးရွာ ဂန္ဓမာပန်းပျက်စီးဧကများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRE မှ ပေးပို့လှူ ဒါန်းထားသော ကွန်ပေါင်းဓာတ်မြေသြဇာများကို တောင်သူများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်က တောင်သူများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်က ရွှေအိုးစည် ၁၆:၈:၁၆ ကွန်ပေါင်းဓာတ်မြေသြဇာ တစ်ဧက (၂)အိတ်နှုန်းဖြင့် စုစုပေါင်း(၉၆)အိတ်တို့အား ကျေးရွာအုပ်ချုပ်ရေးမှုးထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့သော သီးနှံစိုက်ပျိုးဧက စုစုပေါင်း(၂၇၀၈၉၅)ဧက ပျက်စီးခဲ့ရာ မိုးစပါးဧကမှာ (၂၆၈၉၉၀)ဧက ပျက်စီးခဲ့သည်။ ဝါးတီးကျေးရွာတွင် ဂန္ဓမာပန်းစိုက်ဧက(၄၈)ဧက ပျက်စီးခဲ့သောကြောင့် တောင်သူ (၁၄၁)ဦး ထိခိုက်နစ်နာခဲ့ရကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများသည် ကျေး ရွာများဖွံဖြိုးတိုးတက်ရေးအတွက် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ရွှေလောင်းကျေးရွာနှင့်  ကြက်တက်ညောင်ပင်ကျေးရွာများသို့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ပြည်သူလူထု တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်သည်။ ကျေးရွာနေပြည်သူများမှ မိမိတို့ကျေးရွာတွင် မီးလင်းရေး၊ လမ်းပန်းဆက်သွယ်ရေးများ၊ ကျန်းမာရေး ကဏ္ဏများအလိုက် လိုအပ်သည်များတင်ပြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။