Home / ပဲခူးမြို့နယ် / ဆဋ္ဌမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်

ဆဋ္ဌမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်

အောက်တိုဘာ ၁၀ (ပဲခူး)
=================

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲများ စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ပဲခူးမြို့၊ ရွှေမောဓော်ဘုရား၊ အနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ၊ အဆိုပါ ကုန်စည်ပြပွဲသို့ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ်မည်ဖြစ်သည်။
၎င်းအငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများ၏ ဒေသထွက်ကုန် ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း(၁၉၀)ကျော်ဖြင့် ဖွင့်လှစ်ပြသွားမည်ဖြစ်သည့်အပြင် စက်တင်ဘလ (၁၂)မှ (၁၃)ရက်နေ့တို့တွင် နိုင်ငံကျော်အဆိုတော်များပါဝင်သော တေးဂီတ ဖျော်ဖြေရေးအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။