Home / ပဲခူးမြို့နယ် / ပဲခူးမြို့နယ်အတွင်းရှိ လမ်းများအား ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးမြို့နယ်အတွင်းရှိ လမ်းများအား ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

အောက်တိုဘာ ၁၁ (ပဲခူး)
=================

အောက်တိုဘာလ (၁၁)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မိုးယွန်းကြီးအင်း အဝင်လမ်း(၆)ဖာလုံခန့်အား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ညနေ(၅:၃၀)နာရီအချိန်က ဝမ်းဘဲအင်းကျေးရွာရှိ ဒေးစွန်းပါဘုရား အဝင်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအဆင့်မြှင့်တင်သွားမည့် အခြေအနေများအား ဒေသခံပြည်သူများသို့ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်သည် ည (၇)အချိန်တွင် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားမုခ်ဦးမှ ဘုရားခြေတော်ရင်းအထိ နိုင်လွန်ကတ္တရာခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူဆောင်ရွက်နေသည့် ပဲခူးတိုင်းဒေသကြီးလမ်းဦ:စီးဌာန၊ ညွန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက လမ်းခင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။