Home / ရေတာရှည်မြို့နယ် / ဆွာချောင်းရေလှောင်တမံ ရေပိုလွဲကျိုးပေါက်မှုဖြစ်စဉ်တွင် အသက်ပေးလှူသွားခဲ့သော ဗိုလ်မှူးမြတ်စံ အတွက်ထောက်ပံ့ငွေပေးအပ်

ဆွာချောင်းရေလှောင်တမံ ရေပိုလွဲကျိုးပေါက်မှုဖြစ်စဉ်တွင် အသက်ပေးလှူသွားခဲ့သော ဗိုလ်မှူးမြတ်စံ အတွက်ထောက်ပံ့ငွေပေးအပ်

အောက်တိုဘာ ၁၀ (ရေတာရှည်)
=================

2အောက်တိုဘာလ(၁၀)ရက်နေ့ ညနေ(၄:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် သာဂရမြို့ အမှတ်(၈၄)ခြေလျှင်တပ်ရင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့သည် ဆွာချောင်းရေလှောင်တမံ ရေပိုလွဲကျိုးပေါက်မှုဖြစ်စဉ်တွင် အသက်ပေးလှူသွားခဲ့သော ဗိုလ်မှူးမြတ်စံအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြသည်။
ထို့သို့ထောက်ပံ့ငွေပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေ(၃၀၀၀၀ဝိ/-)ကျပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ငွေ(၃၀၀၀၀ဝိ/-)ကျပ်၊ အလှူရှင်တစ်ဦးမှလှူဒါန်းငွေ(၁၀၀၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၀၀၀၀ဝိ/-)သိန်းကျပ်အား ကျန်ရစ်သူ ဇနီးဖြစ်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။