Home / တောင်ငူမြို့နယ် / တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောတံတားများ အသစ်ပြန်လည်တည်ဆောက်ရန် သစ်နှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောတံတားများ အသစ်ပြန်လည်တည်ဆောက်ရန် သစ်နှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

နိုဝင်ဘာ ၄ (တောင်ငူ)
===================

နိုဝင်ဘာလ(၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တောင်ငူမြို့နယ် ကမ်းနီကျေးရွာအုပ်စု ကရင်နီကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောတံတားများ အသစ်ပြန်လည်တည်ဆောက်ရန် သစ်နှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူမြို့နယ် ကမ်းနီကျေးရွာအုပ်စု၊ ညောင်စခန်းနှင့် ကရင်နီကုန်းကျေးရွာလမ်းပေါ်ရှိ ပျက်စီးသွားသောတံတားအား အသစ်ပြန်လည်တည်ဆောက်ရန် သစ်(၁၄.၇၆)တန်အတွက် လုပ်အားခနှင့် အထွေထွေစရိတ်ထောက်ပံ့ငွေ(၃၆၉၀၀၀၀)ကျပ်အား ဝန်ကြီးချုပ်မှ ကမ်းနီကျေးရွညအုပ်စု အုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖများထံပေးအပ်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ရွှေလေးအင်းကျေးရွာအုပ်စု ပိတောက်ကုန်း-ကျွန်းကြီးလမ်းပေါ်ရှိ ပျက်စီးသွားသောတံတား ပြန်လည်တည်ဆောက်ရန် သစ်(၁၁.၇၉)တန်အတွက် လုပ်အားခနှင့်အထွေထွေ ထောက်ပံ့ငွေ(၂၉၄၇၅၀၀)ကျပ်အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖတို့ထံလွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ဒေသခံများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များတင်ပြကြရာ ဝန်ကြီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှုး၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှုးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။