Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / အတ္တနှင့်ပရ မျှတအောင် စဉ်းစားချင့်ချိန်နိုင်သော ပညာရှိများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

အတ္တနှင့်ပရ မျှတအောင် စဉ်းစားချင့်ချိန်နိုင်သော ပညာရှိများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

နိုဝင်ဘာ ၅ (ပဲခူး)
==========================

နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၇)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အမှတ်စဉ်(၂)သို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ သြဝါဒခံယူပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၇)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အမှတ်စဉ်(၂)သို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀)ကျော် မှီတင်းနေထိုင်လျက်ရှိပြီး မြန်မာဟူသည်မှာ တိုင်းရင်းသားအားလုံးကို စုပေါင်း ခေါ်ဆိုသည့် အမည်နာမတစ်ခုပင်ဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် သို့ တက်ရောက်သင်ကြားမည့် သင်တန်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓါတ်ကို အခြေခံပြီး တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် မှီခိုအားထားမှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေမမှုတို့ဖြင့် သင်တန်းပြီးဆုံးသည်အထိ အေးချမ်း စွာ ပညာသင်ကြားစေလိုကြောင်း၊ ပညာတတ်တိုင်း ပညာရှိမဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် အတ္တနှင့်ပရ မျှတအောင် စဉ်းစားချင့်ချိန်နိုင်သော ပညာရှိများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၇)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အမှတ်စဉ်(၂)သို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူ (၂၀)ဦးအား တစ်ဦးလျှင် ကျပ်(၅)သောင်းနှုန်း ထောက်ပံ့ပေးခဲ့ပြီး၊ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသား/သူများ စေလွှတ်ရခြင်းသည် တိုင်းရင်းသားလူငယ်များ အချင်းချင်း ပိုမိုစည်းလုံးချစ်ခင်မှုရရှိစေရန်၊ ဒို့တာဝန် အရေး(၃)ပါးအား သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့် ရှောက်နိုင်စေရန်၊ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးစံများကို သိရှိနားလည်စေရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အဆင့်မြင့် တက္ကသိုလ်ပညာရပ်များ တက်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်တက်စေရန် ဖြစ်ပြီးပဲခူးတိုင်းဒေသကြီးမှ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (B.Ed)(၅)နှစ် သင်တန်းအမှတ်စဉ်(၇)သို့ သင်တန်းသား/သူ(၈)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း) သင်တန်း အမှတ်စဉ်(၂)သို့ သင်တန်းသား/သူ(၁၂)ဦး စုစုပေါင်း(၂၀)ဦး တက်ရာက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။