Home / စည်ပင်သာယာရေးအဖွဲ့ / မြို့ပြတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုပြယုဒ်သည် စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့၏ ကြိုးစားမှုရလဒ်နှင့် အချိုးညီကြောင်း ဝန်ကြီးချုပ်ပြောကြား

မြို့ပြတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုပြယုဒ်သည် စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့၏ ကြိုးစားမှုရလဒ်နှင့် အချိုးညီကြောင်း ဝန်ကြီးချုပ်ပြောကြား

နိုဝင်ဘာ ၅ (ပဲခူး)
=======================

နိုဝင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က စည်ပင်သာယာရေးကော်မတီများအနေဖြင့် ပြဌာန်းထားပြီးဖြစ်သော ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပါ ရည်ရွယ်ချက်များ အတိုင်း မိမိတို့၊ မြို့၊ မြို့ပြ၊ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများ လူနေမှု အဆင့်အတန်း မြင့်မားစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အများပြည်သူအကျိုးအတွက် ဆောင်ရွက်သွားကြရန်၊ ပြည်သူအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသည့် ပြည်သူ့ဗဟိုပြု စီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ စည်ပင်သာယာရေးကော်မတီဝင် များအနေဖြင့် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း မဟုတ်ဘဲ ကော်မတီဝင်များအားလုံး ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး မြို့သန့်ရှင်းသာယာလှပစေရေး ခေတ်နှင့်လျော်ညီစွာ ပုဂ္ဂလိက ပြုပြင်ပြောင်းလဲရေးကို အလေးထားဆောင်ရွက်ကြရန်၊ အခွန်၊ အခများ ကောက်ခံရာတွင် ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူလူထုအား ချပြအသိပေးရန်၊ ဘတ်ဂျက်အလိုက် ဝင်ငွေလျာထား ချက်နှင့် ရငွေ/သုံးငွေစာရင်းများကို ဗီနိုင်းများချိတ်ဆွဲ၍ ရုံးများတွင်ကပ်ထားရန်၊ မြို့နယ်အလိုက် တင်ဒါလုပ်ငန်းများကို တင်ဒင့်လင်းမြင်သာစွာဖြင့် ပြည်သူလူထုအား ချပြအသိပေးရန်၊ ဘတ်ဂျက်အလိုက် ဝင်ငွေလျာထား ချက်နှင့် ရငွေ/သုံးငွေစာရင်းများကို ဗီနိုင်းများချိတ်ဆွဲ၍ ရုံးများတွင်ကပ်ထားရန်၊ မြို့နယ်အလိုက် တင်ဒါလုပ်ငန်းများကို တင်ဒါ စည်းမျဉ်းစည်းကမ်း(၁/၂၀၁၇)ပါ နိုင်ငံတော်မှ ပြဌာန်းချက်များအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့ပြတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုပြယုဒ်သည် စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့၏ ကြိုးစားမှုရလဒ်နှင့် အချိုးညီကြောင်း လမ်းညွှန်မှာကြားခဲ့ သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ၂၀၁၈ ခုနှစ် ဘတ်ဂျက်နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ခရိုင်/မြို့နယ် စည်ပင်သာယာရေး တာဝန်ခံများမှ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင် ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ရငွေထက် အသုံးစရိတ်များကို ကျော်လွန်ရေးဆွဲခွင့်ပြုခဲ့ရာ၊ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွက် ငွေကျပ်(၅၈၅၅)သန်း၊ ၂၀၁၈ ခုနှစ်၊ Mini Budget အတွက် (၅၂၈၀.၅၃)သန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ငွေကျပ် (၁၅၅၈၄.၄၇၄၈)သန်းအား သီးခြားလျာထား အသုံးပြုခွင့် ပေးနိုင်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Excavator (၃၉)စီး၊ Grader (၁)စီး၊ လမ်းကြိတ်စက် (၇)စီး၊ ရေပုတ်စုပ်ယာဉ်(၆)စီး၊ ထွန်စက်(၅)စီး၊ Dump Truck (၁၂၉)စီး၊ Garbage Truck (၂၇)စီး၊ လမ်းလျှောက်လမ်းကြိတ်စက် (၅)စီး၊ အုပ်ချုပ်မှုယာဉ်(၆)စီးတို့အား ဝယ်ယူအသုံးပြုခွင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဒုမြို့နယ်အုအ်ချုပ်ရေးမှုးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။