Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဖွံ့ရေးအတွက် တွေ့ဆုံပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဖွံ့ရေးအတွက် တွေ့ဆုံပွဲကျင်းပပြုလုပ်

ဒီဇင်ဘာ ၂ (အုတ်ဖို)
==================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်နှင့်အတူ အုတ်ဖိုမြို့နယ် အေးမြသာယာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ မဟာဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ အဂတိကင်းရှင်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်က နယ်မြေဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်ပတါသက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက ကျေးရွာချင်းဆက်လမ်း၊ တံတားများကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ကုန်ထုတ်လမ်းများကောင်းမွန်အောင်ဖော်ထုတ်ဆောင်ရွက်ပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးမှုရှိရေး၊ သောက်သုံးရေးရရှိရေး၊ အေးမြသာယာကျေးရွာအား မြို့အဖြစ်အဆင့်မြှင့်ပေးနိုင်ရေး၊ ထွန်းရွှေဝါခန်းမအား အများပိုင်ခန်းမအဖြစ်ဆောင်ရွက်ပေးရန်၊ အေးမြသာယာတိုက်နယ်ဆေးရုံတွင် ဝန်ထမ်းအိမ်ယာအဆောက်အဦးနှင့် ဓာတ်မှန်ခန်းတည်ဆောက်ပေးနိုင်ရေး၊ အန္တရာယ်ရှိကျောင်းဆောင်အစား ကျောင်းဆောင်အသစ်နှင့် သန့်စင်ခန်းများ တည်ဆောက်ပေးနိုင်ရေး၊ အမှတ်(၆)ရပ်ကွက်ရှိ အားကစားကွင်းသည် အားကစားကွင်းဖြစ်သော်လည်း ယခုအခါလယ်များလုပ်ဆောင်နေသဖြင့် ပြန်လည်ပြင်ဆင်ပြီး အားကစားကွင်းအဖြစ်အသိအမှတ်ပြုပေးရန်၊ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်များမရရှိမှုနှင့်ပတ်သက်၍ အဆင့်ဆင့်ထံတင်ပြထားသော် ယနေ့ထိတိုင်မရရှိသေးသဖြင့် ရှင်းလင်းဖြေရှင်းပေးရန်၊ စွန့်လွှတ်မြေများပြန်လည်ရရှိရေးကိစ္စရပ်များအား တင်ပြကြသည်။
ယင်းနောက် ပြည်သူများ၏တင်ပြချက်အား ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ စွန့်လွှတ်မြေများ ပြန်လည်ရရှိရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြေလည်မှုရရှိအောင် ဖြေရှင်းပေးကာ အေးမြသာယာကျေးရွာ မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်း ဆရာတော်အားဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။