Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်ဦးဝင်းသိန်း မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်း

နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်ဦးဝင်းသိန်း မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်း

ဒီဇင်ဘာ ၆ (ပဲခူး)
==================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ်တွင် ဒီဇက်ဘာလ(၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်တွင် ကျင်းပပြုလုပ်မည့် သံဃာအပါး(၅၀၀၀)ဆွမ်းဆန်တော်လောင်းလှူ ပွဲသို့ ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနာယဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုမှ ဆွမ်းဆက်ကပ်လှူ ဒါန်းပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးနှင့်ဇနီးမိသားစု၊ လွှတ်တော်ဥက္ကဌ၊ ဥပဒေချုပ်နှင့်ဧည့်သည်တော်များက နိုင်ငံတော်သြဝါဒစရိယ ပဲခူးမြို့မစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တော်မူကြီး ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုနှင့် လွှတ်တော်ဥက္ကဌတို့က လှူဖွယ်ခြင်းနှင့်ဝတ္ထုပစ္စည်းများဆက်ကပ်လှူ ဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေကာ ဆရာတော်ကြီးများ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။