Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် သံဃာအပါး(၅၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် သံဃာအပါး(၅၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်

ဒီဇင်ဘာ ပဲခူး(၆)
===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ ဒီဇင်ဘာလ(၆)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် သံဃာအပါး(၅၀၀၀)ဆွမ်းဆန်တော်လောင်းလှူ ပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်တော်မူကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆရာတော်ကြီးများအား လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော်ကပ်လှူ ရန်အတွက် အလှူ ငွေကျပ်သိန်း(၁၀၀)၊ ပဲခူးတိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးရေးအတွက် အလှူ ငွေကျပ်သိန်း(၂၀၀)တို့ကို လင်ဂျူ းတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပေးအပ်လှူ ဒါန်းခြင်း၊ ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် ဝတ္ထုကံမြေဧရိယာ(၆၀၆.၂၀)ဧကဆိုင်ရာ စာရွက်စာတမ်းများကို အလှူ ရှင်များက ပေးအပ်လှူ ဒါန်းခြင်း၊ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပဲခူးမြို့ပေါ်ရှိဘာသာရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများ ပြုလုပ်ကြသည်။
ယင်းနောက် လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့ဦးဆောင်ဆရာတော် အရှင်စင်တောက်က သာရဏီယကထာ ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြောကြားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့ သာမဏေကျော်စာသင်တိုက်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကာ လှူ ဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူ ပူဇော်ကြသည်။
ဆွမ်းဆန်တော်လောင်းလှူ ပူဇော်ပွဲသို့ နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းသံဃနာယကဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများနှင့် ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ဆရာတော်၊ သံဃာတော်အပါး(၅၀၀၀)ကြွရောက်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဝန်ကြီးများ၊အလှူ ရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပရဟိတအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများစုပေါင်းကာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ထမ်းဆောင်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်တို့အား လှူဒါန်းခြင်းဖြင့် မြန်မာနိုင်ငံသူ/သားများနှင့်အတူ ထာဝရငြိမ်းချမ်းရာနိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရေးအားကြီးသော ဥပနိဿ ယဖြစ်စေရန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောစေရန်ရည်ရွယ်၍ လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သြဝါဒကိုခံယူပြီး ပဲခူးမြို့နယ်အတွင်းရှိ သံဃာအပါး(၅၀၀၀)အား ဆွမ်းဆန်တော်လောင်းလှူ ပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။