Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / သာယာဝတီ(စိုက်ပျိုးရေးသိပ္ပံ)သင်တန်းကျောင်းတွင် ICT Modern Classroom ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

သာယာဝတီ(စိုက်ပျိုးရေးသိပ္ပံ)သင်တန်းကျောင်းတွင် ICT Modern Classroom ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

ဒီဇင်ဘာ ၂၀ (သာယာဝတီ)
=================================

48381028_535135010299577_7335916558042005504_nဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က သာယာဝတီမြို့ စိုက်ပျိုးသိပ္ပံသင်တန်းကျောင်း၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် နယ်သာလန်နိုင်ငံမှ Netherlands Initiative for Capacity Development in Higher Education (NICHE) တို့ပူးပေါင်းဆောင်ရွက်သည့် ICT Modern Classroom ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ICT Modern Classroomအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှုးဦးဖဲဆောင်နှင့် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှုးဦးဖဲဆောင်က စိုက်ပျိုးရေးဦးစီးဌာနနှင့် နယ်သာလန်နိုင်ငံမှ Netherlands Initiative for Capacity Development in Higher Education (NICHE) တို့ပူးပေါင်းဆောင်ရွက်သည့် Project အကြောင်းကိုရှင်းလင်းပြောကြားကာ သာယာဝတီစိုက်ပျိုးရေးသိပ္ပံမှ ကျောင်းသား/သူများကိုယ်စား ပထမနှစ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
စိုက်ပျိုးရေးသိပ္ပံများ၏ သင်ကြားရေးစနစ်သည် Vocational Training Systemဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးဆိုင်ရာအတတ်ပညာများကို စာတွေ့လက်တွေ့ကျွမ်းကျင်အောင်သင်ကြားပေးပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျှက်ရှိသည်။ သာယာဝတီမြို့ စိုက်ပျိုးရေးသိပ္ပံတွင် ၂၀၁၈-၂၀၁၉ပညာသင်နှစ်၌ ကျောင်းသား/သူ(၅၄၃)ဦး တက်ရောက်သင်ကြားလျှက်ရှိပြီး အဆိုပါကျောင်းမှ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရရှိသူ(၂၀၉၉)ဦးနှင့် မွေးမြူရေးဒီပလိုမာလက်မှတ်ရရှိသူ(၄၀)ဦးရှိခဲ့ရာ ယနေ့အထိ စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာ လက်မှတ်ရရှိသူ (၂၁၃၉)ဦးအား လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။