Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်တွင် ပြည်သူများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်တွင် ပြည်သူများနှင့်တွေ့ဆုံ

သာယာဝတီ ဒီဇင်ဘာ ၂၉

================

လက်ပံတန်းမြို့နယ် ဂရံစံပြစခန်း၌ နံနက် ၈:၃၀နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကာ လက်ပံတန်းမြို့နယ် မကျီးကွင်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၁၅၉)ရှိ ပယ်ဖျက်ခွင့်ကျပြီးသော စားကျက်မြေပေါ်တွင် အသုံးပြုနေမှုအား ရှင်းလင်းတွေ့ဆုံပွဲပြုလုပ်ပြီးနောက် သာယာဝတီမြို့နယ် သာယာအေးကျေးရွာ အထက(ခွဲ)ဂရံ(တပ်တွင်း)ကျောင်း၌ ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးများရရှိရေး၊ လယ်ယာမြေများပုံစံ(၇)ရရှိရေးနှင့် ချေးငွေများရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျေးရွာဆေးပေးခန်းများမှ တိုက်နယ်ဆေးရုံအထိ တိုးမြှင့်ဆောင်ရွက်ပေးရေး စသည်တို့ တင်ပြဆွေးနွေးသည်။
ထို့နောက် ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။