Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လမ်း/တံတား ဆောင်ရွက်နေမှုကို ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

လမ်း/တံတား ဆောင်ရွက်နေမှုကို ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

သာယာဝတီ ဒီဇင်ဘာ(၂၉)
======================

ဒီဇင်ဘာလ(၂၉)ရက်နေ့ မွန်းလွဲ(၃)နာရီက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည်သာယာဝတီမြို့နယ် (ဥတိုကြီးကျေးရွာ) ပြည်တော်သာရပ်ကွက်အတွင်း ကျေးလက်လမ်းခင်းနေမှုနှင့် အန္တရာယ်ရှိတံတားအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။
အဆိုပါတံတားအား အကျယ် ၁၄ပေ အလျား ၈၅ပေခန့် ဖြင့်အသစ်ပြန်လည်တည်ဆောက်ရန် လျာထားပြီး တံတားပြီးစီးသွားပါက ရပ်ကွက်နေပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်သည် ဒေသခံပြည်သူများအား ဒေသလိုအပ်ချက်များမေးမြန်း၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။