Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ခရမ်းညောင်ပင်ကျေးရွာ စာသင်ကျောင်းမြေ လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးပွဲကျင်းပ

ခရမ်းညောင်ပင်ကျေးရွာ စာသင်ကျောင်းမြေ လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးပွဲကျင်းပ

သနပ်ပင် ဇန်နဝါရီ ၁၁
==================

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ခရမ်းညောင်ပင်ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ဇန်နဝါရီလ(၁၁) ရက်နေ့ နံနက်(၉)နာရီအချိန်က စာသင်ကျောင်းမြေ လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက “တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ပညာရေးအတွက် နိုင်ငံတော်မှ အဆောက်အဦးဆောက်လုပ်ရန် ချပေးရင်တောင် ဆောက်စရာမြေမရှိလို့ ကျောင်းဆောင်မဆောက်လုပ်နိုင်တဲ့ ကျောင်းတွေအများကြီးရှိကြောင်း၊ ယခုလို မြေအလှူရှင်တွေ၊ အဆောက်အဦအလှူရှင်တွေ တစ်ဦးချင်းဘဲဖြစ်ဖြစ်၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းကဘဲဖြစ်ဖြစ်၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီလှူဒါန်းပြီး ကျောင်းသား/သူများ၏ပညာရည်တိုးတက်မြင့်မားအောင် စွမ်းဆောင်ပေးနေသည့် အလှူရှင်များကို များစွာဂုဏ်ယူ ဝမ်းမြောက်ကျေးဇူးတင်ကြောင်း” အဖွင့်အမှာစကားပြောကြားပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှမျိုးရွှေက ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မတည်လှူ ဒါန်းပေးခြင်းအတွက် ဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် မြေအလှူရှင် ဦးမြင့်ဆွေ (ဂရုဏာရှင်လူမှုကူညီရေးအသင်း-နာယက) (ဇေယျာမင်္ဂလာဆန်စက်)က မြေလှူဒါန်းပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သနပ်ပင်မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းထံ မြေအလှူရှင် ဦးမြင့်ဆွေ (ဂရုဏာရှင်လူမှုကူညီရေးအသင်း-နာယက) (ဇေယျာမင်္ဂလာဆန်စက်)က မြေနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ် လှူဒါန်းပေးကာ မြို့နယ်ပညာရေးမှူး ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
သနပ်ပင်မြို့နယ် ခရမ်းညောင်ပင်ကျေးရွာအတွင်းရှိ ကျောင်းသား/သူများ လုံလောက်ပြည့်စုံသည့် နေရာတွင် ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ ခရမ်းညောင်ပင်ကျေးရွာနေ ဖခင်ကြီး ဦးရှန်အားရည်စူးကာ မိခင်ကြီးဒေါ်ကြည်နှင့်သားဖြစ်သူ ဦးမြင့်ဆွေ (ဂရုဏာရှင်လူမှုကူညီရေးအသင်း -နာယက) (ဇေယျာမင်္ဂလာဆန်စက်)က မြေ(ဝ.၁၂၄) ဧကအား လှူဒါန်းပေးပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း(၅၀)အပါအဝင် အလှူရှင်များမှ ငွေကျပ်သိန်း(၄၀)ကို ပါဝင်လှူဒါန်းပေးကြကြောင်း သတင်းရရှိသည်။