Home / MIC / ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အတည်ပြုမိန့်များ တင်ပြလျှောက်ထားနိုင်ပါပြီဖြစ်

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အတည်ပြုမိန့်များ တင်ပြလျှောက်ထားနိုင်ပါပြီဖြစ်

MIC- NOTI-84 -2017

၁။      ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအသစ်များကိုသာမက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအဟောင်းများကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၇)အရ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်(MIC)နှင့် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(BRIC)တို့တွင် အတည်ပြုမိန့် တင်ပြလျှောက်ထားနိုင်ပါသည်။

၂။      ထိုသို့တင်ပြလျှောက်ထားခြင်းဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားနိုင်မည်မဟုတ်သော်လည်း အဆိုပါလုပ်ငန်းဟောင်းများအား ထပ်မံတိုးချဲ့ဆောင်ရွက်ပါက ယင်းတိုးချဲ့မှုအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇ (ဃ) အရ ထပ်မံတင်သွင်းလာမည့် စက်ပစ္စည်းများနှင့် ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့်ပတ်သက်၍ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

၃။      ထို့အပြင် အတည်ပြုမိန့်ရရှိထားခြင်းအားဖြင့် မိမိတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခိုင်မာစေခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အကာအကွယ်များရရှိမည်ဖြစ်ခြင်း၊ မိမိတို့၏ကုန်ပစ္စည်းများကို စျေးကွက်ရှာဖွေချဲ့ထွင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

၄။      သို့ဖြစ်ပါ၍ မိမိတို့လက်ရှိဆောင်ရွက်နေသော လုပ်ငန်းအဟောင်းများကို အတည်ပြုမိန့်တင်ပြ လျှောက်ထားလိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဖုန်းနံပါတ်- ၀၅၂-၂၂၀၁၇၄၇၊ ဖက်စ်- ၀၅၂-၂၂၀၁၇၄၈) တွင် စုံစမ်းမေးမြန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။