Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရွှေကျင်မြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ခြင်းနှင့် ဆောင်းဘဏ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ရွှေကျင်မြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ခြင်းနှင့် ဆောင်းဘဏ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဇန်နဝါရီ ၁၈ (ရွှေကျင်)
=======================

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဒဲကောကျေးရွာအုပ်စုရှိ တောင်သူ(၂၃၈)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ခြင်းနှင့် ဆောင်းဘဏ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက မိမိတို့အစိုးရအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် စွန့်လွှတ်မြေများပြန်လည်ပေးအပ်နိုင်ရန်စီမံဆောင်ရွက်ခြင်း၊ လုပ်ကွက်ငယ်တောင်သူများအတွက် အဆင့်မြင့်လယ်ယာများဖော်ဆောင်ပေးခြင်း၊ စနစ်ကျသောစိုက်ပျိုးနည်းစနစ်များ အသုံးပြုစိုက်ပျိုးနိုင်ရန်ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုများကူညီထောက်ပံ့ပေးခြင်းတို့အပြင် လုံခြုံစိတ်ချရသော လယ်ယာမြေအသုံးပြုခွင့်ရရှိစေရန် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ပေးအပ်ခြင်းတို့ကိုဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် လယ်ယာမြေအသုံးပြုခွင့်လက်မှတ်ပုံစံ(၇)ထုတ်ပေးထားသော လယ်ယာမြေများကို မိမိတို့အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ရင်းဖြင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်ကိုင်ဆောင်ရွက်ကြရန်၊ ဘဏ်ချေးငွေများကိုလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက်သာသုံးစွဲကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူ းကြီးလှမျိုးရွှေ၊ တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နော်ပွယ်စေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက ရွှေကျင်မြို့နယ် ပဒဲကောကျေးရွာအုပ်စုရှိ တောင်သူ(၂၃၈)ဦးအား လယ်ယာလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကိုလည်းကောင်း၊ ပဒဲကောကျေးရွာအုပ်စုအတွင်းရှိ ပုံစံ(၇)ရရှိပြီးသော တောင်သူ (၄၉၀၀)ဦးထံ ဆောင်းသီးနှံများအချိန်မီစိုက်ပျိုးနိုင်ရန် တစ်ဧကလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် (၂၈၈၄၀)ဧကအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံချေးငွေ စုစုပေါင်းငွေကျပ်(၂၈၈၄၀)သိန်းကိုလည်းကောင်း၊ KNLA(ကွန်ဖဲ့ဒေသဗဟိုငြိမ်းချမ်းရေးအဖွဲ့)မိသားစုဝင်အိမ်ထောာင်စု(၂၇)စုအတွက် အိမ်ထောင်စု(၁)စုလျှင်ဆန်(၁)အိတ်၊ ဆီ(၂)ပိဿ ာတို့အားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရွှေကျင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၉)အုပ်စုအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်ရန် လုပ်ငန်းပမာဏမှာ ဦးပိုင်ပေါင်း(၁၅၃၅၆)ခု၊ ဧကပေါင်း(၃၀၁၄၅၇)ဧကတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ပြီး ယနေ့အချိန်ထိ ဒေသခံတောင်သူများ၏ လက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ထုတ်ပေးပြီးစီးမှုမှာ ဦးပိုင်ပေါင်း(၁၁၆၈၂)ခု၊ ဧကပေါင်း(၁၇၅၁၇)ဧကတို့ထုတ်ပေးပြီးဖြစ်သည်။ ပေးအပ်ရန်ကျန်ရှိသည့်ဧရိယာ၊ ဧကများကိုလည်းအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးအပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသိရပြီး ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့်လည်း ၂၀၁၈ခုနှစ် မိုးရာသီဘဏ်ချေးငွေများကို တောင်သူ(၄၇၀၁) ဦး၊ ဧရိယာဧကပေါင်း(၁၉၈၉၃)ဧကအတွက် တစ်ဧကလျှင်(၁၅၀၀၀ဝိ/)နှုန်းဖြင့်(၄၄၈၃၉၅၀၀၀ဝိ/)ကျပ်ကိုထုတ်ချေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။