Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သုံးဆယ် − သာယာဝတီ − လက်ပံတန်း − မင်းလှ − မိုးညိုမြို့နယ်တို့ရှိ စျေးများအား FDA သွားရောက်စစ်ဆေး

သုံးဆယ် − သာယာဝတီ − လက်ပံတန်း − မင်းလှ − မိုးညိုမြို့နယ်တို့ရှိ စျေးများအား FDA သွားရောက်စစ်ဆေး

ဇန်နဝါရီ ၃၁ (မိုးညို)

====================

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလအတွက် ဒုတိယအကြိမ်မြောက်  Mobile Lab Van ဖြင့် စစ်ဆေးခြင်းအဖြစ် (၃၀.၁.၂၀၁၉) နှင့် (၃၁.၁.၂၀၁၉) ရက်နေ့များတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နှီးနွယ်အဖွဲ့များပူးပေါင်း၍ သုံးဆယ် − သာယာဝတီ − လက်ပံတန်း − မင်းလှ − မိုးညိုမြို့တို့ရှိ စျေး(၅)စျေးတွင် Mobile Lab Van (နယ်လှည့်ဓါတ်ခွဲစစ်ဆေးရေးကား)ဖြင့် အစားအသောက်များနှင့် အလှကုန်များအား နမူနာကောက်ယူစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သုံးဆယ်မြို့− သာယာဝတီမြို့ − မင်းလှမြို့ − မိုးညိုမြို့ − လက်ပံတန်းမြို့များရှိ မြို့မစျေးများတွင် မုန့်ဟင်းခါးမုန့်ဖတ်၊ ပဲပြား၊ ပဲတီချဉ်၊ မျှစ်၊ ဂျင်းချဉ်၊ စိမ်းစားငပိ စသည့် ချက်ချင်းအဖြေထုတ်၍ရသည့် အစားအသောက်များ ကို နမူနာကောက်ယူ စစ်ဆေးရာ စစ်ဆေးမှုအားလုံးသည် သတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် မြို့မစျေးများရှိ အလှကုန်ရောင်းချနေသာဆိုင်များအား ရှောင်တခင်သွားရောက် စစ်ဆေးရာ တားမြစ်အလှကုန်များရောင်းချသည့် ဆိုင်(၅)ဆိုင်အား ပစ္စည်းသိမ်းခြင်းနှင့် ခံဝန်ကတိရေးထိုးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာနီနီအေးဦးဆောင်သောအဖွဲ့မှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် အစားအသောက်၊ ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်ပတ်သတ်၍  မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင်  သွားရောက်ဟောပြာခဲ့ပါသည်။