Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် စက်စုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် စက်စုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၅ (ဝေါ)
=================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်၊ ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ် စက်စုကျေးရွာ တောင်ဖီလာ ဘုန်းတော်ကြီးကျောင်းတွင် စက်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင်ဝန်ကြီးချုပ်က မိမိနှင့်အဖွဲ့သည် စက်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာဖွံ့ဖြိုးရေးအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တွေ့ဆုံကြုံ တွေ့နေကြသည့် အခက်အခဲပြဿနာများကို ဗြဟ္မစိုရ်တရားနှင့်အညီ စုပေါင်းညှိနှိုင်း အဖြေရှာကြရန်လိုကြောင်း၊ မည်သည့်ကိစ္စမဆို စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် တစ်ဦးချင်းစီ၏ပညာရည်မှတ်တမ်းမြင့်မားပြီး အသိပညာပြည့်ဝစေရန်လိုကြောင်း၊ ပြဿနာတစ်ခုဖြစ်ပေါ်လာပါက အစိုးရအဖွဲ့ကိုသာအားကိုးမှုမပြုဘဲ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းကျင့်စဉ်၊ယဉ်ကျေးမှု၊ အနှစ်သာရများအား လူတိုင်းလူတိုင်းသိရှိကြရန်လိုကြောင်း ဒေသခံပြည်သူများကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ပွင့်လင်းမြင်သာစွာတင်ပြပေးစေလိုကြောင်းအမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအားလည်းကောင်း၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူ းဦးရဲထွဋ်က မြေယာစီမံခန့်ခွဲမှူဆိုင်ရာ ကိစ္စများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် စက်စုကျေးရွာအုပ်စုအတွင်းရှိ စက်စုကျေးရွာ၊ သူရဲသမိန်ကျေးရွာ၊ ဆင်ရွာ၊ ဂျိုးလေးရွာ၊ လေးမျက်နှာကျေးရွာများမှဒေသခံပြည်သူမျက မြေနုကျွန်းကိစ္စ၊ မြေယာကိစ္စ၊ စားကျက်မြေကိစ္စ၊ကျူ းကျော်ကိစ္စ၊ ဆင်ရွာကျေးရွာလျှပ်စစ်မီးရရှိရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် ကုန်ထုတ်လမ်းနှင့်မြေသားဂဝံလမ်းအဖြစ်ဆောင်ရွက်ပေးရေးကိစ္စ၊ ကျေးရွာချင်းဆက်ချောင်းကူးတံတားတည်ဆောက်ပေးရေးကိစ္စများအား အမြန်ဆုံးဖြည့်ဆည်းဖြေရှင်းပေးရန် တင်ပြကြရာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝေါမြို့နယ်အုပ်ချုပ်ရေးမှုးတို့က ပြန်လည်ရှင်းလင်းတင်ပြ ပေးကြသည်။
ယင်းနောက် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအတွက် အားကစားဘောလုံးများကိုလည်းကောင်း၊ မြေယာကိစ္စရပ်များ လေ့လာနိုင်ရန် မြေယာဥပဒေစာအုပ်များကိုလည်းကောင်းပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအားမွန်လွဲ(၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။